Thursday, October 10, 2013

မြန်မာပြုပြင်ပြောင်းလဲမှု ပြီးပြည့်စုံမှု မရှိသေးလို့ဆို

 
မြန်မာနိုင်ငံမှာ ​တွေ့မြင်နေရတဲ့ ​အခြေအနေတွေဟာ ​စိတ်လှုပ်ရှားစရာတွေဖြစ်ပေမယ့် ​ပြီးပြည့်စုံမှု ​မရှိသေးဘူးလို့ ​အာဆီယံနိုင်ငံတွေက ​ကျောင်းသားတွေနဲ့ ​ဗုဒ္ဓဟူးနေ့ ​တွေ့ဆုံချိန်မှာ ​အမေရိကန် ​နိုင်ငံခြားရေး ​၀န်ကြီး ​ဂျွန်ကယ်ရီက ​ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအရ ​ပြောင်းလဲဖြစ်ထွန်းမှုတွေ ​ဆက်လက် ​တွေ့မြင်ရဖို့ ​လိုသေးသလို၊ ​ဒီမိုကရေစီ ​ထွန်းကားလာဖို့ကိုလည်း ​မျှော်လင့်တဲ့အကြောင်း ​နိုင်ငံရေး ​အကျဉ်းသား ​၅၄ ​ဦး ​ကို ​မြန်မာအစိုးရက ​လွှတ်ပေးလိုက်ပြီး ​နောက်တရက် ​မှာပဲ ​အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီးက ​အခုပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​ဆိုတဲ့ ​အသုံးအနှုန်းထက် ​ယုံကြည်ချက်ကြောင့် ​အကျဉ်းကျနေသူများ ​ဆိုတဲ့ ​အသုံးအနှုန်းကို ​ပိုမိုနှစ်သက်ပြီး ​ယုံကြည်ချက်ကြောင့် ​အကျဉ်းကျနေတဲ့သူတွေ ​အားလုံးကို ​ဒီနှစ်မကုန်ခင်မှာ ​ပြန်လွှတ်ပေးဖို့မြန်မာသမ္မတက ​ကတိပေးထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ​နိုင်ငံရေးအကျဉ်းသားတွေ ​လွှတ်ပေးချိန်ဟာ ​အာဆီယံ ​ထိပ်သီး ​အစည်းအဝေး ​ကျင်းပ ​နေချိန်နဲ့ ​တိုင်ဆိုင်နေမှုတွေ ​အပေါ်မှာလည်း ​ဦးသိန်းစိန် ​အစိုးရအပေါ် ​ပြင်းပြင်းထန်ထန် ​ဝေဖန်နေကြပါတယ်။

လာမယ့်နှစ် ​၂၀၁၄ ​ခုနှစ်ကျရင် ​အာဆီယံရဲ့ ​အလှည့်ကျဥက္ကဋ္ဌ ​တာဝန်ကို ​မြန်မာနိုင်ငံက ​တရားဝင် ​လက်ခံ ​ရယူသွားဖို့ရှိပေမယ့် ​မြန်မာနိုင်ငံမှာ ​လက်ရှိဖြစ်ပွားနေတဲ့ ​ဘာသာရေး ​ပဋိပက္ခတွေ၊ ​တိုင်းရင်းသား ​လက်နက်ကိုင်အရေးတွေအပြင် ​မြန်မာနိုင်ငံမှာ ​သယ်ယူပို့ဆောင်ရေး ​နဲ့ ​ဆက်သွယ်ရေး ​နည်းပညာတွေဟာ ​နိုင်ငံတကာအဆင့်အတန်းအရ ​လိုအပ်ချက်တွေရှိနေသေးတာကြောင့် ​အာဆီယံ ​ဥက္ကဌ ​တာဝန်ဆောင်ရွက်ဖို့စိန်ခေါ်မှုတွေနဲ့ ​ရင်ဆိုင်ရနိုင်တယ်လို့အကဲခတ်တွေက ​ထောက်ပြနေကြပါတယ်။

အာဆီယံအဖွဲ့ဝင် ​၁၀ ​နိုင်ငံကြား ​ဥက္ကဋ္ဌအဖြစ် ​တာဝန်ယူဖို့ ​၂၀၀၆ ​ခုနှစ်မှာ ​အလှည့်ကျခဲ့ပေမယ့် ​မြန်မာနိုင်ငံမှာ ​နိုင်ငံရေး၊ ​လူ့အခွင့်အရေး ​တိုးတက်မှုတွေ ​မရှိဘူးဆိုပြီး ​နိုင်ငံတကာက ​ဝေဖန်မှုတွေ ​ခံခဲ့ရတဲ့အတွက် ​နောက်ဆုံးမှာ ​လက်လွှတ်ဖို့ ​ဆုံးဖြတ်ခဲ့ဘူးပါတယ်။
 
                                                                          ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers