Friday, October 4, 2013

အီတလီမှာ ခိုလှုံခွင့်တောင်းလိုသူ လှေနစ်မြုတ် ၁၃၀ လောက်သေဆုံး


အီတလီနိုင်ငံမှာ ​ခိုလှုံခွင့်တောင်းဖို့ ​ဝင်ရောက်လာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​လှေတစ်စီး ​နစ်မြုပ်သွားပြီးနောက် ​လူပေါင်း ​၁၃၀ ​သေဆုံးသွားနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

လှေပေါ်မှာ ​လူပေါင်း ​ငါးရာလောက် ​လိုက်ပါလာပြီး ​အီတလီနိုင်ငံ ​Lampedusa ​ကျွန်းနားအရောက်မှာ ​လှေက ​နစ်မြုပ်ခဲ့တာ ​ဖြစ်ပါတယ်။

Eritrea ​၊ ​Somalia ​၊ ​Ghana ​နိုင်ငံက ​ခိုလှုံခွင့်တောင်းလိုသူတွေဟာ ​လစ်ဗျားနိုင်ငံကနေတဆင့် ​အီတလီနိုင်ငံမှာ ​ခို ​လှုံ ​ခွင့် ​တောင်း ​ဖို့ ​ရောက်လာ ​ကြသူတွေ ​ဖြစ်ပါတယ်။

ကျွန်းနားကို ​ရောက်လာတဲ့အတွက် ​သူတို့ကို ​ကယ်ဆယ်လက်ခံဖို့ ​အချက်ပြတဲ့မီးကို ​ထွန်းညှိရာကနေ ​မီးလောင်မှု ​ဖြစ်ခဲ့တယ်လို့ ​သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ​အီတလီနိုင်ငံ ​အာဏာပိုင်တွေရဲ့ ​ပြောပြချက်အရ ​ကျွန်းနားအရောက်မှာ ​စက်ရပ်သွားတဲ့အတွက် ​အကူအညီတောင်းတဲ့အနေနဲ့ ​လှေပေါ်မှာ ​မီးဖိုပြီး ​အချက်ပြကြတဲ့အကြောင်း ​လှေထဲ ​မီးတောက်နေတဲ့အတွက် ​လှေပေါ်ကလူတွေက ​လှေနံဘေးတစ်ခြမ်းကိုပဲ ​စုပြုံရပ်နေကြရာက ​ချိန်ခွင်သျှာမမျှတဲ့အတွက် ​လှေမှောက်ပြီး ​နစ်မြုပ်ကုန်တာလို့ ​ပြောပါတယ်။

အီတလီနိုင်ငံမှာ ​ခိုလှုံခွင့်တောင်းလိုသူတွေ ​ဝင်လာနေကြ ​ဖြစ်တဲ့အတွက် ​မတော်တဆမှုတွေ ​ဖြစ်လေ့ဖြစ်ထရှိပေမယ့် ​လှေတစ်စီးထဲမှာ ​ဒီလောက်များတဲ့ ​လူသေဆုံးမှုမျိုး ​မရှိခဲ့ဘူးလို့ ​သိရပါတယ်။

အီတလီနိုင်ငံပိုင် ​Lampedusa ​ကျွန်းဟာ ​အီတလီနိုင်ငံပြည်မထက် ​အာဖရိကတိုက်နဲ့ ​ပိုနီးတဲ့အတွက် ​လစ်ဗျားနိုင်ငံက ​ထောင်နဲ့ချီတဲ့လူတွေနဲ့ ​မြောက်အာဖရိကတိုက်က ​လူတွေ ​နှစ်စဉ်နှစ်တိုင်း ​ခိုးဝင်လာပြီး ​ခိုလှုံခွင့်တောင်းဆိုလေ့ရှိကြောင်း ​သိရပါတယ်။

                                                                                 ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers