Saturday, October 12, 2013

တစ်ကတ်ကို (၅၀၀) ကျပ်တန် ဆီးဂိမ်းအမှတ်တရကံစမ်းမဲနှင့် ပြစ်မှုပုဒ်မ ၂၉၄ (က)

 
ဆီးဂိမ်းလိုဂိုပါသော အမှတ် တရကံစမ်းမဲကတ်များကို တစ် ကတ်လျှင် ၅၀၀ကျပ်နှုန်းဖြင့် တစ်နိုင်ငံလုံးရှိ စာတိုက်များ၊ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေထီ ဆိုင်များ၊Junction Center များ ၌ ရောင်းချပေးခဲ့ပြီး ကံစမ်းမဲဖွင့် လှစ်ခြင်းအစီအစဉ်ကိုလည်း ယခု လ (၁၀) ရက် ညက MRTV-4 ရုပ်မြင်သံကြားအစီအစဉ်မှ ထုတ် လွှင့်သွားပြီးဖြစ်သည်။

ယခုကဲ့သို့ ဆီးဂိမ်းလာဘ် ကောင်ရုပ်ပုံများ အသုံးပြုပြီး ကံစမ်းမဲဖွင့်လှစ်ခြင်းနှင့် ပတ်သက် ပြီး တရားလွှတ်တော်ရှေ့နေတစ် ဦးက ပြောကြားရာတွင် ““အခုလို ဆီးဂိမ်းလာဘ်ကောင်ပုံတွေသုံးပြီး ကံစမ်းမဲဖောက်တာကို ဆီးဂိမ်း ဘဏ္ဍာငွေရှာဖွေထိန်းသိမ်းရေး ကော်မတီက ခွင့်ပြုထားလို့ ဖြစ် ပါလိမ့်မယ်။ကံစမ်းမဲဖောက်တယ် ဆိုတာ ထီရုံဖွင့်သလိုပါပဲ။ ခွင့်ပြု ချက်မရှိရင် ပြစ်မှုပုဒ်မ ၂၉၄(က) နဲ့ ငြိပါတယ်။ ပြစ်ဒဏ်ကတော့ သိပ်မများပါဘူး။ အခုကံစမ်းမဲ ဖောက်တဲ့နံပါတ်က ဂဏန်း (၇) လုံးပါတယ်ဆိုတော့ ကံစမ်းမဲရွက် ရေ (၁၀) သန်းရိုက်ထားတာ ပေါ့။ တစ်ကတ်ကို ၅၀၀ ကျပ်နဲ့ရောင်း ရင် သန်း(၅၀၀၀) ဖိုးတော့ရှိမှာ ပေါ့။ ဆုမဲဖောက်ပေးတဲ့တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာတော့ မသိဘူး။ ငွေ (၅၀၀)ရင်းလို့ကား တစ်စီးမဲပေါက်လဲမနည်းဘူးလေ။ ဒီတော့လည်း ၀ယ်ပြီးကံစမ်းကြ တာနေမှာပါ”” ဟု ပြောသည်။

အဆိုပါဆီးဂိမ်းလိုဂိုပါသော Samsung Lucky Cards Campaign ကံစမ်းမဲကတ်များကို နိုဝင် ဘာ (၂၃) ရက်အထိ ရောင်းချ ပေးမည်ဖြစ်ကြောင်း သိရပြီး ပေါက်မဲတွင်မပါသေးသောကံစမ်း မဲကတ်ပိုင်ရှင်များသည်နိုဝင်ဘာ လအတွင်း ထပ်မံပြုလုပ်ပေးမည့် ကံစမ်းမဲဖောက်သည့်အစီအစဉ် တွင် ထပ်မံကံစမ်းနိုင်ကြောင်း သိ ရသည်။      

                                                                                                            HNT      
                                                                                                         HOT NEWS



0 Comment Box:

Post a Comment


 

Comment Box

Followers