Monday, October 14, 2013

ဟိန္ဒူ ဘုရားဖူးမှာ လူ ၉၀ ကျော်သေဆုံး

 
 သေဆုံးသူအလောင်းကို ကားပေါ်တင်ဆောင်နေပုံ (Credit: AFP) 

အိန္ဒိယနိုင်ငံ ​အလယ်ပိုင်း ​Madhya ​Pradesh ​ပြည်နယ်မှာ ​ပြုလုပ်တဲ့ ​ဘာသာရေးပွဲတော်အတွင်း ​ဘုရားဖူးသူတွေ ​တိုးဝှေ့ပြီး ​တစ်ယောက်နဲ့တစ်ယောက် ​တက်နင်းမိကြရာက ​အနည်းဆုံး ​လူပေါင်း ​၉၁ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ထောင်နဲ့ချီတဲ့ ​ဘုရားဖူးသူတွေ ​တံတားတစ်ခုပေါ် ​ဖြတ်ကျော်နေတုန်းက ​တံတားကျိုးတော့မယ်ဆိုတဲ့ ​အော်ဟစ်သံတွေ ​ထွက်ပေါ်လာပြီးနောက် ​အချင်းချင်းတက်နင်းမိကြရာက ​သေဆုံးခဲ့ကြသလို၊ ​တချို့လည်း ​တံတားပေါ်ကနေ ​ခုန်ဆင်းကြတဲ့အတွက် ​သေဆုံးကြတာ ​ဖြစ်ပါတယ်။

လူပေါင်း ​တစ်ရာကျော်လည်း ​ဒဏ်ရာရရှိခဲ့တယ်လို့ ​ဆိုပါတယ်။
ဒီအကြောင်းနဲ့ ​ပတ်သက်ပြီး ​အဲဒီဖြစ်စဉ်ကို ​မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ​Atul ​Chaudhary ​က ​သူ့အနေနဲ့ ​တံတားထိပ်နားရောက်တဲ့အချိန်မှာ ​လူအမြောက်အများက ​တံတားကျိုးတော့မယ်၊ ​တံတားကျိုးတော့မယ်လို့ ​အော်ဟစ်ပြီး ​ထွက်ပေါက်ရှိရာကို ​ဦးတည်ထွက်ပြေးလာခဲ့ကြတယ်လို့ ​ဆိုပါတယ်။
သူတို့အနေနဲ့ ​ဘာလုပ်ရမှန်းမသိပဲ ​တွေဝေနေတဲ့အချိန်မှာပဲ ​တချို့လူတွေက ​တံတားအောက်မှာရှိတဲ့ ​မြစ်ထဲကို ​ခုန်ချခဲ့ကြတဲ့အကြောင်း ​ဒီလို ​အုပ်အုပ်သောင်းသောင်းဖြစ်ပြီး ​ငါးမိနစ်၊ ​ဆယ်မိနစ်အတွင်းမှာပဲ ​အားလုံးကငြိမ်သက်သွားပြီးနောက်ပိုင်း ​တံတားပေါ်မှာ ​လူသေအလောင်းတွေ ​တန်းစီနေတာကို ​တွေ့ခဲ့ရတယ်လို့ ​ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​ဖေဖော်ဝါရီလတုန်းကလည်း ​ဘာသာရေးဘုရားပွဲတစ်ခုအတွင်း ​အချင်းချင်းတက်နင်းမိရာက ​အနည်းဆုံး ​လူပေါင်း ​၃၆ ​ယောက်သေဆုံးခဲ့ရပြီး ​၂၀၁၁ ​ခုနှစ်တုန်းကကျင်းပတဲ့ ​ဘာသာရေးပွဲတော်တစ်ခုအတွင်းမှာလည်း ​လူပေါင်း ​၁၀၀ ​ကျော် ​သေဆုံးခဲ့ရသလို ​၂၀၀၈ ​ခု ​စက်တင်ဘာလတုန်းက ​ကျင်းပတဲ့ ​ပွဲတော်တစ်ခုမှာလည်း ​အချင်းချင်းတိုးကြိတ်ကြရာကနေ ​လူပေါင်း ​၂၂၄ ​ယောက် ​သေဆုံးတဲ့ ​ဖြစ်ရပ်တွေ ​ဖြစ်ခဲ့ဖူးပါတယ်။

                                                                              ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers