Wednesday, October 9, 2013

အင်ဒိုက မြန်မာကို ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့ ကူညီချင်လို့ဆို


Image: Indonesian foreign minister Marty Natalegawa Image 2011-02-09

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa (Credit: ABC)


မြန်မာနိုင်ငံမှာ ​ကောင်းမွန်တဲ့အစိုးရ ​ဖြစ်ပေါ်ဖို့နဲ့ ​ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ​ထောက်ခံအားပေးတဲ့အနေနဲ့ ​အင်ဒိုနီးရှားနိုင်ငံနဲ့ ​အမေရိကန်နိုင်ငံတို့က ​မြန်မာနိုင်ငံနဲ့သုံးနိုင်ငံ ​ပူးပေါင်းဆောင်ရွက်မှုတွေ ​လုပ်ဆောင်ချင်တယ်လို့ ​အင်ဒိုနီးရှားနိုင်ငံ ​ကပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ​စီးပွားရေးဟာ ​ဖြည်းဖြည်းချင်း ​တိုးတက်မြှင့်တင်လာနေပြီဖြစ်တာကြောင့် ​စီးပွားရေး ​တွဲဖက်လုပ်ကိုင်နေတဲ့ ​နိုင်ငံအချင်းချင်းတွေကိုလည်း ​ဒီမိုကရေးကရေးစီနဲ့ ​ကောင်းမွန်တဲ့ ​အစိုးရ ​ဖြစ်ပေါ်လာဖို့အတွက် ​ကူညီထောက်ပံ့မှုတွေ ​ပေးဖို့လိုတယ်လို့ ​အင်ဒိုနီးရှား ​နိုင်ငံခြားရေးဝန်ကြီး ​Marty ​Natalegawa ​က ​သတင်းထောက်တွေကို ​ပြောလိုက်တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ ​အမေရိကန်နိုင်ငံတို့အနေနဲ့ ​အင်ဒိုနီးရှား-မြန်မာ-အမေရိကန် ​သုံးနိုင်ငံ ​ပူးပေါင်းဆောင် ​ရွက်ရေး ​အစီအစဉ်ထဲမှာ ​ကောင်းမွန်တဲ့အစိုးရကိစ္စကို ​အဓိကထား ​ကိုင်တွယ်ဖို့အတွက် ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒီကိစ္စကနဲ့ပတ်သက်ပြီး ​အင်ဒိုနီးရှားနဲ့ ​အမေရိကန်နိုင်ငံတို့အကြား ​ဆွေးနွေးနိုင်ဖို့အတွက် ​ဒီနှစ် ​နှစ်ကုန်ပိုင်းမှာ ​နှစ်နိုင်ငံတွေ့ဆုံဖို့ရှိပြီး ​ဘာလီကျွန်းမှာပဲဖြစ်ဖို့များတယ်လို့လည်း ​အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ​ပြောပါတယ်။

                                                                                ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers