Wednesday, October 2, 2013

ဆီးရီးယားဒုက္ခသည်တွေကို လှေတွေနဲ့ ခိုးမ၀င်ဖို့ သြစီသတိပေး

 Syrian refugees in Jordon
ဆီးရီးယား ​ဒုက္ခသည်တွေရဲ့ ​အရေးနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျနိုင်ငံအနေနဲ့ ​မိမိတို့ ​လုပ်ဆောင်သင့်တာတွေကို ​လုပ်သွားမှာ ​ဖြစ်ပေမယ့် ​ဒုက္ခသည် ​အစစ်အမှန် ​မဟုတ်တဲ့ ​သူတွေ ​လှေတွေနဲ့ ​မလာကြဖို့သြစတြေးလျ ​လူဝန်မှုကြီးကြပ်ရေး ​၀န်ကြီး ​Scott ​Morrison ​ကပြောကြားလိုက်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံးရဲ့ ​နိုင်ငံတကာ ​သဘောတူညီချက်အရ ​ဆီးရီးယားဒုက္ခသည်တွေကို ​ဘယ်လို ​ကူညီနိုင်မလဲဆိုတာနဲ့ ​ပတ်သက်ပြီး ​ဥရောပမှာ ​တွေ့ဆုံဆွေးနွေးနေကြတဲ့ ​အချိန်မှာ ​သြစတြေးလျ ​က ​သူတို့ရဲ့ ​သဘောထားကို ​ထုတ်ဖော်လိုက်တာ ​ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံမှာ ​ရှိတဲ့ ​လူကုန်ကူးသူတွေဟာ ​စီးပွားရေးအရ ​ခိုလုံခွင့်တောင်းခံလိုသူတွေကို ​ဆီးရီးယား ​နိုင်ငံကူးလက်မှတ် ​အတုတွေထုတ်ပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ 
တကယ်လို့များ ​သြစတြေးလျက ​အခုလိုပြောကြားထားတာတွေကို ​မလိုက်နာပဲ ​လှေတွေနဲ့ ​ခိုလုံခွင့်တောင်းမယ်ဆိုရင်တော့ ​တခြားဒုက္ခသည်တွေနည်းတူ ​နာရူးကျွန်း ​နဲ့ ​မားနက်စ်ကျွန်းကို ​ပို့ဆောင်သွားမှာ ​ဖြစ်တယ်လို့ ​သြစတြေးလျ ​လူဝန်မှုကြီးကြပ်ရေး ​၀န်ကြီး ​Scott ​Morrison ​က ​အခုလို ​ပြောကြားလိုက်တာပါ။

သြစတြေးလျ ​လေဘာပါတီရဲ့ ​ယာယီခေါင်းဆောင် ​Chris ​Bowen ​ကလည်း ​လူဝန်မှုကြီးကြပ်ရေး ​၀န်ကြီး ​Scott ​Morrisonရဲ့ ​ပြောကြားချက်ကို ​ထောက်ခံလိုက်ပါတယ်။

အခုလို ​ဆီးရီးယား ​ဒုက္ခသည်များ ​အရေးကိစ္စ ​ကို ​ပြောဆိုနေတဲ့ ​အချိန်မှာပဲ ​ဆီးရီးယား ​ဒုက္ခသည်တွေ ​အဆမတန်တိုးမြှင့်လာမှုတွေကြောင့် ​အထောက်အပံ့အကူအညီတွေပေးနေတဲ့ ​ဆီးရီးယားရဲ့ ​အိမ်နီးချင်း ​နိုင်ငံတွေ ​အခက်အခဲနဲ့ ​ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

                                                                                                  ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers