Saturday, October 12, 2013

မဖွယ်မရာ ပါတီပွဲ ဗီဒီယိုကိစ္စ ချက်သမ္မတ၏ သမီးဖြစ်သူ ဖြေရှင်းနေရ

 
ချက်နိုင်ငံ သမ္မတ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူမှာ မဖွယ်မရာ ပါတီပွဲတစ်ခုသို့ တက်ရောက်
ပျော်ပါးခဲ့ကြောင်း စွပ်စွဲမှုများကို အသည်းအသန် ငြင်းဆို ဖြေရှင်းနေရသည်။အင်တာနက်တွင် ကက်ထရီနာ ဇီမာနိုဗာဟု ယူဆရသည့် အမျိုးသမီး တစ်ဦးသည် အုပ်စုလိုက် လိင်ပျော်ပါးသည့် ပါတီပွဲတစ်ခုတွင် တက်ရောက်ခဲ့ကြောင်း ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည့်နောက် သမ္မတရုံးက ယင်းသည် အတုအပ လုပ်ကြံမှုသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။ အသက်(၁၉)နှစ်ရှိ ကက်ထရီနာဟု ယူဆရသော မိန်းကလေးသည် လူအများ ရှုပ်ထွေးနေသည့် ပါတီပွဲတွင် မြူးထူးရယ်မောနေပြီး သူမ၏ဘေးတွင် စုံတွဲတစ်တွဲက မဖွယ်မရာ ပြုမူနေသည်ကိုလည်း တွေ့ရှိရသည်။ဘလောက်စ်အင်္ကျီ အဖြူရောင်၊ မီနီစကတ် အနက်ရောင် ၀တ်ထားသော မိန်းကလေးသည် သူငယ်ချင်း
များနှင့်အတူ ပရာ့ပ်မြို့ရှိ ကလပ်တစ်ခု၌ ကခုန်နေသည့် ဗီဒီယိုကို Extra.cz  ၀က်ဘ်ဆိုဒ်က လွှင့်တင်ခဲ့သည်။

 ကတ်ထရီနာသည် သူငယ်ချင်းများနှင့်အတူ PartyHardcore.com က စီစဉ်ပေးသည့် အပျော်ကျူးပွဲ တစ်ခုသို့
တက်ရောက်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်နေသည်။ ယင်းဝက်ဘ်ဆိုက်သည် အုပ်စုဖွဲ့ လိင်ပျော်ပါးသည့်
ပွဲလမ်းသဘင်များကို စီစဉ်ဖန်တီးပေးလေ့ရှိသည်။ သို့သော်လည်း ကတ်ထရီနာ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကမူ
ယင်းဗီဒီယိုထဲမှ အမျိုးသမီးသည် ကတ်ထရီနာ လုံးဝမဟုတ်ကြောင်း ငြ်းချက်ထုတ်ခဲ့သည်။ “ အဲဒါ ကျွန်မ
မဟုတ်ပါဘူး။ ဒီပုံရိပ်တွေက လုပ်ကြံမှုတွေ၊ အတုတွေချည်းပါပဲ” ဟုလည်း ကတ်ထရီနာက ပြောကြားခဲ့သည်။

သို့သော်လည်း နံရံဘေးပတ်ဝန်းကျင်မှ လူများ၏ ပုံရိပ်ကို ဖြတ်တောက်ထားသည့် ဗီဒီယိုထဲမှ အမျိုးသမီးသည်
ကတ်ထရီနာပင် ဖြစ်လိမ့်မည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသလို ချက်နိုင်ငံ အင်တာနက် အသုံးပြုသူများ အကြား
အကြီးအကျယ် အငြင်းအခုန် ဖြစ်နေသည်။“ ဒါဟာ ကတ်ထရီနာဆိုတာ သေချာပါတယ်။ လူတူတာမဖြစ်နိုင်ဘူး။ မျက်နှာက တင်းတိပ်တွေကိုကြည့်ရင်
သိနိုင်ပါတယ်” ဟု Extra.cz အယ်ဒီတာက မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ပါတီပွဲသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ
အတွင်းက ပြုလုပ်ခဲ့သည်ဟု ယူဆရပြီး အချိန်အားဖြင့် ကတ်ထရီနာ၏ ဖခင် မီလို့စ်ဇီမာနိုဗာ အောင်ပွဲခံသည့်
ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းမျှ အလိုတွင် ဖြစ်သည်။

                                                                                                       Planet Myanmar Network
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers