Tuesday, October 8, 2013

ပြည်လုံးကျွတ်အပစ်ရပ်ရေး တိုင်းရင်းသားတွေ အရေးပေါ်စည်းဝေးနေ

 
တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့ ​၁၁ ​ဖွဲ့နဲ့ ​ဖွဲ့စည်းထားတဲ့ ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​အဖွဲ့က ​ခေါင်းဆောင်တွေဟာ ​တစ်ပြည်လုံး ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ထိုးရေး ​အပါအ၀င် ​နိုင်ငံရေးဆုံးဖြတ်ချက်တွေ ​ချမှတ်ဖို့အတွက် ​အရေးပေါ် ​ဖယ်ဒရယ်ကောင်စီ ​အစည်းအဝေး ​ကျင်းပနေတယ်လို့ ​သိရပါတယ်။


ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​အောက်တိုဘာ ​၇ ​ရက်နေ့ကစပြီး ​၃ ​ရက်ကြာ ​ကျင်းပမည့် ​အရေးပေါ် ​ဖယ်ဒရယ်ကောင်စီ ​အစည်းအဝေးနဲ့ ​ပတ်သက်ပြီး ​UNFC ​တွဲဖက်အထွေထွေအတွင်းရေးမှူး ​၂ ​ဦးခွန်ခွန်ဥက္ကာ ​က ​အခုလို ​ပြောဆိုပါတယ်။

“အခုထိပ်တိုက်ဖြစ်နေတာတော့ ​နေရှင်းဝိုက် ​စေ့ဖါးရားပေါ့ ​(nationwide ​ceasefire) ​နေရှင်းဝိုက် ​စေ့ဖါးရားကို ​ဒီ ​နိုဝင်ဘာလဆန်းမှာ ​အစိုးရက ​အတင်းလက်မှတ်ခေါ်ထိုးမည့် ​ပုံစံမျိုးဖြစ်နေတော့ ​ဒီအပေါ်မှာ ​ဘယ်လို ​ပြင်ဆင်မှုတွေ ​လုပ်မလဲပေါ့ဗျားတခု၊ ​နံပါတ်နှစ်ကတော့ ​ကျနော်တို့ ​နိုင်ငံရေး ​ဆွေးနွေးပွဲ ​လုပ်မယ်ဆိုရင် ​မူဘောင်မှာ ​ဘာတွေ ​ပါသင့်လဲ ​ဆိုတာလေးလည်းတစ်ခု၊ ​နောက်တခုက ​ကျနော်တို့ရဲ့ ​UNFC ​ရဲ့ ​ကွန်စတီကျူးရှင်းကို ​ပြန်ရီဗျူး ​(review) ​လုပ်တာပေါ့၊ ​ရီဗျူးလုပ်ပြီးတော့ ​ကျနော်တို့ ​ကွန်စတီကျူးရှင်းကို ​ကျနော်တို့ ​ဘယ်လို ​ပြင်ဆင်မလဲပေါ့၊ ​ထိုးမယ် ​မထိုးဘူး ​ဆိုတာ ​ဆုံးဖြတ်ဖို့ ​မရှိဘူး ​ဘာကိုဆုံးဖြတ်မလဲဆိုတော့ ​ဘယ်အခြေအနေ ​မျိုးတွေ ​ဘယ်အချက်အလက်မျိုးတွေ ​ပြည့်စုံဖို့ ​လိုတယ် ​ဆိုတာတော့ ​ဆုံးဖြတ်မယ်၊ ​အဲ့ဒီ ​အချက် ​အလက်တွေ ​အခြေအနေတွေ ​ပြည့်စုံတယ်ဆိုရင်တော့ ​ထိုးမယ်ပေါ့ဗျား။”

အရေးပေါ်ဖယ်ဒရယ် ​ကောင်စီအစည်းအဝေးကို ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်း ​၁၁ ​ဖွဲ့ထဲက ​တစ်ဖွဲ့ချင်းစီကိုယ်စားပြု ​ခေါင်းဆောင် ​၃ ​ဦးကျစီနဲ့ ​ခေါင်းဆောင် ​၃၀ ​ကျော်တက်ရောက်နေပြီး ​တပြည်လုံးအပစ်အခတ်ရပ်စဲရေး ​လက်မှတ်ထိုးရာမှာ ​ပါဝင်ဖို့လိုအပ်တဲ့ ​အချက်တွေကို ​သဘောတူ ​ဆုံးဖြတ်သွားဖို့ ​ရှိတယ်လို့လည်း ​သိရပါတယ်။

ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီUNFC ​အဖွဲ့မှာ ​ချင်းအမျိုးသား ​တပ်ဦးCNF ​၊ ​ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ​ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ​ကရင်နီ ​အမျိုးသားတိုးတက်ရေး ​ပါတီKNPP၊ ​ကရင်အမျိုးသားအစည်းအရုံးKNU၊ ​မွန်ပြည်သစ်ပါတီNMSP၊ ​ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး ​အဖွဲ့ချူပ်PNLO၊ ​ရခိုင်ပြည် ​အမျိုးသားကောင်စီ ​ANC ​၊ ​လားဟူ ​ဒီမိုကရက်တစ်ပါတီ ​LDP၊ ​၀ ​အမျိုးသားအဖွဲ့ချူပ် ​WNO၊ ​ပလောင်ပြည် ​လွတ်မြောက်ရေး ​တပ်ဦး ​PSLF ​စတဲ့အဖွဲ့တွေ ​ပါဝင်ပြီး ​၂၀၁၀ ​နိုဝင်ဘာလမှာ ​ဖွဲ့စည်းခဲ့တာ ​ဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

                                                                              ABC Radio Austraia


0 Comment Box:

Post a Comment


 

Comment Box

Followers