Thursday, October 3, 2013

မိချောင်းကန် ဒေသခံများ ရှစ်ကြိမ်မြောက် ဆန္ဒဖော်ထုတ်

 

ယခု အောက်တိုဘာလ(၂) ရက်နေ့၊မိချောင်းကန်(၁၊၂၊၃)တို့တွင် နေထိုင်ခဲ့သူများက မိချောင်းကန်မြေများကို ပြန်လည်ပေးရန် တောင်းဆိုသည့် သပိတ်စခန်းကိုရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓု ပန်းခြံဘေးတွင် ယနေ့ နေ့လည် (၁၂) နာရီမှ စတင်ကာ သပိတ်စခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြေယာများသည် ၁၉၉၁ ခုနှစ်တွင် တပ်ပိုင်မြေဟု ဆိုပြီး သိမ်းယူသွားခဲ့ကြောင်း၊ ထိုမြေများပေါ်တွင် ပြည်သူ့အကျိုးပြု စီမံကိန်းများ ဆောင်ရွက်မှု မရှိသောကြောင့် အဆိုပါ မြေများအား ပြန်လည်အလိုရှိကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

“အဲဒီအတွက် အဲဒီမြေတွေကို ပြန်လိုချင်ပါတယ်၊ ဒီမြေတွေကို ပြန်မပေးမချင်း ကျနော်တို့က ဆက်လက် တိုက်ပွဲ ၀င်သွားမှာပါ” ဟု သပိတ်စခန်းစိုက် ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

အဆိုပါ မိချောင်းကန်မြေများကို ဦးနေ၀င်းလက်ထက်တွင် ကျူးကျော်မြေဆိုတာမရှိစေခဲ့ပဲ မြန်မာပြည်သားမှန်သမျှ မြန်မာနိုင်ငံက မြေပိုင်သည်ဟု ရပ်ကွက် ကြီးငယ် ဆိုင်းဘုတ်များဖြင့် ထူထောင်ပေးခဲ့သော်လည်း ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် အစိုးရက သိမ်းယူသွားခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

ယခု ဆန္ဒထုတ်ဖော်မှုသည် ရှစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်ပြီး သက်ဆိုင်ရာမှ ခွင့်ပြုချက် မရှိဘဲ ဆန္ဓ ထုတ်ဖော်မှု ဖြစ်သောကြောင့် မဖယ်ရှားပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများသည် တိုင်းဒေသကြီးအဖွဲ့နှင့် သွားရောက် တွေ့ဆုံခဲ့သော်လည်း ပြေလည်မှု မရှိသည့်အတွက် ယခုကဲ့သို့ ရှစ်ကြိမ်မြောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ မိချောင်းကန် ရပ်ကွက် ဘိုးဘွားပိုင်များ နေထိုင်စဉ် (၁၉၁၇) ခုနှစ်ကတည်းက အင်းစိန်ခရိုင် ကံဘဲ့မြို့ဟု အမည်ရှိပြီး နိုင်ငံတော်သို့ အခွန်များပေးဆောင်နေခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဓထုတ်ဖော် သူများထံမှ သိရသည်။

                                                                                      Myitmakha Media Group



1 Comment Box:

Zaw Mmtun said...

မြေ​ဈေး​တွေ ​ကောင်း​နေတယ်​ကွ ဆက်​​တောင်း ဆက်​​တောင်း ဒါနဲ့ ဘယ်​သူ​တွေက ဘယ်​သူ့ အတွက်​​တောင်း​နေတာလဲ အမှန်​​တွေပါသလို အင်​ပွဲစား​တွေ အမှုပွဲစား​တွေလဲ ပါမှာ​ပေါ့

Post a Comment


 

Comment Box

Followers