Sunday, October 13, 2013

ကူးစက်ရောဂါသည် (၁၄၇၈)ဦး သေဆုံးခဲ့သည့် တရုတ်နိုင်ငံ

 
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကူးစက်ရောဂါကြောင့် လူပေါင်း(၁၄၇၈)ဦး သေဆုံးခဲ့ရကြာင်း သိရပါတယ်။ အဆိုပါ သေဆုံးခဲ့သူတွေထဲမှာ AIDS ရောဂါသည်
အများစု ပါဝင်ခဲ့ပြီး လူနာ (၁၀၈၄)ဦး အသက်သေဆုံးခဲ့တာဖြစ်ပါတယ်။ လူနာသေဆုံးမှုများပြားခဲ့တဲ့ အခြားသောကူးစက်ရောဂါတစ်မျိုးကတော့ တီဘီရောဂါဖြစ်ပြီး ရောဂါသည် (၁၆၁)ဦး အသက်ဆုံး ရှုံးခဲ့ရပါတယ်။
 
ခွေးရူးပြန်ရောဂါက တတိယမြောက် သေဆုံးမှုများပြားတဲ့ ကူးစက်ရောဂါဖြစ်ပြီး လူနာ (၁၂၈)ဦး သေဆုံးခဲ့ရပါတယ်။ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးဌာနရဲ့ ထုတ်ပြန် ကြေညာချက်အရ စက်တင်ဘာလအတွင်းမှာ ကူးစက်ရောဂါသည် (၅၉၇၈၄၃)ဦးအထိ ရှိခဲ့ကြောင်း ကိုလည်း သိရပါတယ်။
 
ကူးစက်ရောဂါတွေကို ရောဂါအမျိုးအစားအလိုက် (၃)မျိုးခွဲခြားထားပါတယ်။ ရောဂါအပြင်းထန်ဆုံးနဲ့ အရမ်းပြင်းထန်တဲ့ ရောဂါတွေကို A အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ B အဆင့်မှာတော့ တီဘီအစရှိတဲ့ရောဂါတွေ ပါဝင်ပါတယ်။ C အဆင့်မှာတော့ အနည်းငယ် ပြင်းထန်ခြင်းမရှိဘဲ ကူးစက်ရောဂါတွေ ပါဝင်ခဲ့ပေမယ့် အဆိုပါရောဂါတွေကြောင့် ပြီးခဲ့တဲ့စက်တင် ဘာလအတွင်းက (၂၀)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ 

                                                                                                        MRTV-4





0 Comment Box:

Post a Comment


 

Comment Box

Followers