Friday, October 18, 2013

Anwar Ibrahim နဲ့ပတ်သက်ပြီး မလေးကျောင်းသားတွေ ခြိမ်းခြောက်ခံရ



 မလေးရှားအတိုက်အခံခေါင်းဆောင် Anwar Ibrahim (Credit: AFP) 


သြစတြေးလျနိုင်ငံမှာ ​မလေးရှားနိုင်ငံ ​အတိုက်အခံခေါင်းဆောင် ​Anwar ​Ibrahim ​ရဲ့ ​လာရောက်ပြောကြားမယ့် ​မိန့်ခွန်းအခမ်းအနားကို ​သြစတြေးလျမှာကျောင်းတက်နေတဲ့ ​မလေးရှားကျောင်းသားတွေအနေနဲ့ ​မတက်ရောက်ဖို့ ​ခြိမ်းခြောက်ခံရတာဟာ ​လုံးဝ ​လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ​သြစတြေးလျ ​တသီးပုဂ္ဂလအမတ်တဦးဖြစ်တဲ့ ​Nick ​Xenophon ​က ​ပြောကြားလိုက်ပါတယ်။

Anwar ​Ibrahim ​ရဲ့ ​မိန့်ခွန်း ​ပြောကြားတဲ့ ​အခမ်းအနားကို ​တက်ရောက်နားထောင်တဲ့ ​မလေးရှား ​ကျောင်းသားတွေကို ​သူတို့ကိုပေးနေတဲ့ ​ပညာသင်ဆု ​Scholarships ​တွေကို ​ပိတ်ပစ်မယ်လို့ ​မလေးရှားအစိုးရက ​ခြိမ်းခြောက်စာ ​တစောင်ရေးပို့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ​သြစတြေးလျ ​အစိုးရအနေနဲ့ ​မလေးရှားစိုးကို ​ရှင်းရှင်းလင်းလင်း ​လုပ်ဆောင်ပေးရမှာဖြစ်သလို ​မလေးရှားအစိုးရ ​အနေနဲ့ကလည်း ​ဒီလိုခြိမ်းခြောက်မှုမျိုးကို ​ပြန်လည် ​ရုတ်သိမ်းပေးသင့်တယ်လို့ ​ဆိုပါတယ်။

ဒီလို ​အခမ်းအနားမျိုးကို ​တက်ရောက်နားထောင်ဖို့အတွက် ​ကျောင်းသားတွေမှာ ​အခွင့်အရေး ​ရှိတယ်လို့လည်း ​Nick ​Xenophon ​က ​ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံ ​အတိုက်အခံခေါင်းဆောင် ​Anwar ​Ibrahim ​ဟာ ​ဒီရက်အပိုင်းအတွင်းမှာပဲ ​သြစတြေးလျနိုင်ငံ ​တောင်ပိုင်းမှာ ​ရှိတဲ့ ​Adelaide ​မှာ ​ကျင်းပပြုလုပ်မဲ့ ​Festival ​of ​Ideas ​ပွဲမှာ ​မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

                                                                              ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers