Thursday, October 17, 2013

ယာဉ်ထိန်းရဲ နှင့် ခရီးသည်တင်ယာဉ်မောင်း အပြန်အလှန်သတ်ပုတ်




ယနေ့ နံနက် ၉နာရီခန့် အချိန်တွင် သင်္ဃန်းကျွန်း စံပြဈေးမီပွင့်တွင် ယာဉ်ထိန်းရဲ နှင့် ၃၉ ဝါဆိုဦးခရီးသည်တင် ယာဉ်မောင်းတို့ အပြန်အလှန် သတ်ပုတ်ဖြစ်ပွားကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် People Power သတင်းထောက်ကြည်ပြာက သတင်းပေးပို့သည်။
ဖြစ်ပွားပုံမှာ အဆိုပါခရီးသည်တင်ယာဉ်သည် တောင်ဒဂုံမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာရာ စံပြဈေးမီးပွိုင့်အရောက် မီးဝါဖြတ်မောင်းစဉ် ယာဉ်ထိန်းရဲမှတားဆီးရာ ယာဉ်မောင်းကရှေ့တွင်ရပ်တန့်မည်ဟု လက်ပြပြောဆိုပြီး ဆက်မောင်းခဲ့ကြောင်း၊ ထို့နောက် ယာဉ်ရပ်တန့်စဉ် ယာဉ်ထိန်းရဲမှ သံတုတ်ကိုင်ဆောင်လာကာ ကားသော့ဆွဲလုရာမှ စတင်ကာ စကားများရန်ဖြစ်ခဲ့ကြောင်း သတင်းပေးပို့သည်။


ယင်းသို့စကားများစဉ် ယာဉ်မောင်းက စတင်ထိုးကြိတ်ခဲ့ကြောင်း ယာဉ်ထိန်းရဲမှလည်းပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၊ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ နှုတ်ခမ်းပေါက်ပြဲကာ သွေးထွက် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ထိန်းရဲမှာလည်းမှာလဲ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းပေးပို့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး မိနစ် ၂၀ကျော်ကြာတွင် သင်္ဃန်းကျွန်းရဲစခန်းမှ ရဲမှူးသက်ထွန်းအဖွဲ့ဦးဆောင်သည့် အင်အား၁၅ယောက် မှာ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။


                                                                                             People power

1 Comment Box:

second(လောင်းမလား) said...

နိုင်ငံတကာမှာ မီးဝါ ဖြတ်မောင်းခွင့်ရှိပါတယ် ခွေးမသားတွေ
ပိုက်ဆံတစ်ခုတည်းကြည့်တယ် ဘယ်လိုစားရမလည်းပဲချောင်းနေတာ
ပြီးတော့ ယာဉ်မောင်းတွေကိုလည်း ရန်လုပ်လေ့ရှိတယ်
အရင် ကဆိုသူတောင်းစားတွေ လိုပဲ
အကို ကားထဲမှာ ဘာပါလည်း မုန့်ပါရင် ကြွေးလေတဲ့
ကားသမားက မှန်ရင် အမှန်ပြောလို့ ၀တ္တရားနှေက်ယှက်မှုတဲ့
အမှုလိုလို့တဲ့ နဂို မှန် ဇီးရောင်မှန်ကို စတေကာ ကပ်ပါတယ်ဆိုပြီး အတင်းစွတ်ညင်းတယ်
စတေကာကပ်တဲ့ ခွေးမသား ကားတွေကိုတော့ မဖန်းဘူး
သုဝဏ ကွင်းရှေ့မှာ ည၈နာရီလောက် ကားသမားတစ်ယောက်ကို ယာဉ်ထိန်း ၅ယောက် က ၀ိုင်းထိုးနေတာ တွေ့ရတော့ တော်တော်လေး၇င်နာမိတယ် သွေးတွေသရဲရဲနဲ့ ကားသမားခမျာ
၅ယောက်တစ်ယောက် ဆိုတော့ လက်လျှော့လိုက်တယ်ထင်ပါတယ် ထိုးသမျှခံနေရတယ်
နောက် ကားပေါ်သူခိုးဖန်းသလိုဖန်းသွားပြီး ရဲစခန်းမှာ အမှုသွားတိုင်တယ် သူတို့ စထိုးတာ
မဟုတ်ပါဘူးတဲံ ကြောက်တတ်တာလည်းလွန်ရော မြင်ကွင်းက ကြည့်မကောင်ပါ သွေးသန်သရဲရဲ
မျက်လုံးက တစ် ဖတ်က ကျွတ်လုမတတ် ဖြစ်နေတဲ့ ကောင်လေးခမျာ သနားစရာ စကားမပြောနိုင်လို့
ငြိမ်နေရတယ်
အဲ့ဒိနောက် နောက်ဆုံးရတဲ့ သတင်း အရ ယာဉ်မောင်း ကောင်လေးက မြန်မာနိုင်ငံ အင်ဂျင်နီယာ
အဖွဲ့ချူပ်က ဖြစ်ပြီး တိုင်းမှူး အဆင့် ရှိတဲ့ သူက လာရောက်ဖြေရှင်းမှ
သင်္ကင်္န်းကျွန်းဆေးရူုံကို သွားရောက် ယာဉ်မောင်းအား ကျေနပ်အောင် ဒူးထောက်တောင် ပန်ခဲ့ ရပါတယ် ခွေးမသားတွေ ပထွေးတော့ တော်တော်ကြောက်တယ်
သတိထားပါ ကင်းကင်းရှင်းရှင်းနေကြပါ
ယာဉ်တိုက်မှုဖြစ်ရင်တောင် ဆေးရုံပိုရမှန်းမသိ ပိုက်ဆံတောင်းဖို့ပဲ သိတဲ့
န နပိန်းတုန်း အသိတရားမရှိတဲ့ ယာဉ် ထိန်းရဲများနှင် ကင်းဝေ ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်

Post a Comment


 

Comment Box

Followers