Thursday, October 3, 2013

ကလေးမြို့နယ်က ရေကြီးမှုကြောင့် လူသေဆုံးမှုရှိလို့ဆို

flood-ရေကြီးမှု
စစ်ကိုင်းတိုင်းဒေသကြီး ​ကလေးမြို့နယ်ထဲမှာ ​မိုးအဆက်မပြတ်ရွာသွန်းမှုကြော
င့် ​မြစ်ရေကြီးမှုတွေ ​တောင်ကျရေတွေကြောင့် ​ဒေသခံတွေက ​ရေဘေးဒုက္ခကြုံတွေ့နေကြရသလို ​လူသေဆုံးမှုတွေနဲ့ ​ပျောက်ဆုံးမှုတွေလည်း ​ရှိနေပါတယ်။


ရေကြီးမှုကြောင့် ​ဒုက္ခရောက်နေရတဲ့သူတွေကို ​လိုက်လံ ​ကူညီဆောင်ရွက်ပေးနေတဲ့ ​သူတစ်ဦးက ​အခုလို ​ပြောပြပါတယ်။

ပျောက်ဆုံးတဲ့ဟာက ​၁၀ ​ဦးကျော်ရှိပါတယ်၊ ​လက်ရှိတော့ ​ကျနော်တို့ ​စပြီးတော့ ​အလောင်းတွေ ​တော့ ​တော်တော်များများ ​လိုက်ရှာနေကြတယ်ခင်ဗျ ​တော်တော်များများ ​၊ ​မြို့ပေါ်ကတော့ ​ကျနော်တို့ ​၃ ​ယောက်လောက်ပဲ ​လက်ရှိလောလောဆယ် ​သေစာရင်းမှာထည့်ထားပြီးတော့ ​ကျန်တဲ့ဟာတွေတော့ ​ပျောက်ဆုံးစာရင်းမှာ ​ထည့်ထားတယ်။”

ရေဘေးဒုက္ခသည်အများစုဟာ ​မြစ်ချောင်းနဘေးမှာ ​နေထိုင်ကြသူတွေဖြစ်ပြီး ​လောလောဆယ်
ရေဘေးဒုက္ခသည် ​၃၀၀၀ ​ကျော်ကို ​ဘုန်းတော်ကြီးကျောင်းတွေနဲ့ ​ကယ်ဆယ်ရေးစခန်းတွေမှာ ​သက်ဆိုင်ရာက ​နေရာချထားပေးတယ်လို့ ​ဆိုပါတယ်။

ကလေးမြို့နယ်အတွင်း ​အခုလို ​ရေကြီးမှုဟာ ​နှစ်ပေါင်း ​၅၀ ​ကျော်အတွင်း ​အဆိုးဝါးဆုံး ​ရေကြီးမှုဖြစ်ပြီး ​ပျက်စီးဆုံးရှုံးမှု ​ပမာဏာဟာလည်း ​ကျပ်သိန်းထောင်ချီပြီး ​ဆုံးရှုံးမှုရှိတယ်လို့ ​ကူညီကယ်ဆယ်ရေး ​ဆောင်ရွက်နေသူတွေကပြောပါတယ်။

ရေကြီးမှုကြောင့် ​ဒေသတွင်းမွေးမြူထားတဲ့ ​ကျွဲနွားတိရိစ္ဆာန်တွေ ​ရေထဲမျှော ​ပါပျောက်ဆုံးတာတွေရှိသလို ​စိုက်ပျိုးထားတဲ့ ​သီးနှံစပါးခင်းတွေလည်း ​အများအပြား ​ပျက်စီးခဲ့တယ်လို့ ​လည်း ​ဆိုပါတယ်။
စက်တင်ဘာလ ​၂၈ ​ရက်နေ့ကစပြီး ​ကလေးမြို့နယ်အတွင်းမှာ ​မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပြီး ​ကလေးမြို့နယ်ထဲက ​ဥပုဒ်ချောင်း၊ ​နန်းကလိန်ချောင်း၊ ​မြစ်သာမြစ်၊နဲ့ ​နိရဉ္စရာချောင်းတွေမှာ ​ရေလျှံတက်ခဲ့တယ်လို့ ​ဒေသခံတွေက ​ပြောပါတယ်။ ​အဲ့ဒါအပြင် ​တောင်ကျရေတွေ ​စီးဆင်းပြီး ​ရေတိုက်စားမှုတွေကြောင့် ​ချောင်းကမ်းပါးတွေပြိုတာ၊ ​လူနေအိမ်တွေ ​ပျက်စီးတာ၊ ​တံတားကျိုးမှုတွေ ​ဖြစ်ခဲ့တယ်လို့ ​လည်းဆိုပါတယ်။

ရေဘေးဒုက္ခသည်တွေကိုတော့ ​လောလောဆယ် ​မြို့နယ်အာဏာပိုင်တွေနဲ့ ​အတူ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ​အဖွဲ့ဝင်တွေက ​အကူအညီတွေ ​ပေးနေကြတယ်လို့ ​သိရကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

                                                                               ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers