Friday, October 11, 2013

နယ်မြေပိုင်ဆိုင်မှုကိစ္စမှာ ဂျပန်နဲ့ကန် ၀င်မရှုပ်ဖို့ တရုတ် သတိပေး

 South China Sea
 နယ်မြေပိုင်ဆိုင်မှုပြဿနာဖြစ်နေနဲ့ တောင်တရုတ်ပင်လယ်ပြင် (Credit: ABC) 

တောင်တရုတ် ​ပင်လယ်ပြင်က ​နယ်မြေပိုင်ဆိုင်မှု ​အငြင်းပွားနေတဲ့ကိစ္စနဲ့ ​ပတ်သက်ပြီး ​ဂျပန်နဲ့ ​အမေရိကန်နိုင်ငံတို့အနေနဲ့ ​ပါဝင်ပတ်သက်မှုတွေမလုပ်ကြဖို့ ​တရုတ်နိုင်ငံက ​သတိပေးပြောကြား ​လိုက်ပါတယ်။

တရုတ်နိုင်ငံနဲ့ ​အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ ​တောင်တရုတ်ပင်ပြင်က ​နယ်မြေပိုင်မှုအငြင်းပွား ​နေတဲ့ကိစ္စကို ​ငြိမ်းချမ်းတဲ့ ​နည်းလမ်းနဲ့ ​ဖြေရှင်းဖို့ ​သဘောတူညီခဲ့ကြတာဖြစ်သလို ​တိုက်ရိုက် ​ပါဝင်ပတ်သက်တဲ့ ​နိုင်ငံအချင်းချင်းက ​တနိုင်ငံချင်းဆီအနေနဲ့သာ ​ညှိနှိုင်းကြဖို့ ​သဘောတူခဲ့ကြတာဖြစ်တဲ့အတွက် ​ပတ်သက်မှုမရှိတဲ့ ​နိုင်ငံတွေအနေနဲ့ ​ဒီကိစ္စမှာ ​မပါဝင်သင့်ဘူးလို့ ​တရုတ်နိုင်ငံ ​၀န်ကြီးချုပ် ​Li ​Keqiang ​က ​မနေ့က ​ဘရူနှိုင်း ​နိုင်ငံမှာပြုလုပ်တဲ့ ​အရှေ့တောင်အာရှနိုင်ငံများ-အာဆီယံအသင်း ​စည်းဝေးပွဲအတွင်းမှာ ​ပြောလိုက်တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ​၀န်ကြီးချုပ် ​Shinzo ​Abe ​ကတော့ ​ဒီကိစ္စမှာ ​ပါဝင်ပတ်သက်တဲ့နိုင်ငံတွေအနေနဲ့ ​နိုင်ငံတကာရဲ့ ​ဥပဒေကို ​လိုက်နာကြရမှာဖြစ်သလို ​အတင်းအဓ္ဓမ ​တဖက်သတ် ​လုပ်ဆောင်ချက်တွေကိုလည်း ​ရှောင်ကြည်ရမှာဖြစ်တယ်လို့ ​ပြောပါတယ်။ ​ဘာဖြစ်လို့လည်းဆိုတော့ ​အခုဆိုရင် ​တရုတ်နိုင်ငံဟာ ​ဒီနယ်မြေအငြင်းပွားမှုကိစ္စမှာ ​ပိုမိုအတင့်ရဲလာတာဖြစ်လို့ ​ဂျပန် ​၀န်ကြီးချုပ် ​ကပြောပါတယ်။

အမေရိကန်နိုင်ငံ ​သမ္မတ ​Barack ​Obama ​ရဲ့ ​ကိုယ်စား ​စည်းဝေးပွဲကို ​တက်ရောက်ခဲ့တဲ့ ​အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ​John ​Kerry ​ကလည်း ​တရုတ်နိုင်ငံနဲ့ ​အငြင်းပွားမှုဖြစ်နေတဲ့နိုင်ငံသာမက ​အငြင်းပွားမှုမှာ ​မပါဝင်တဲ့နိုင်ငံတွေရဲ့ ​ထင်မြင်ချက်အသံတွေကို ​လည်းနားထောင်ရမှာဖြစ်ပြီး ​အကြောင်းကတော့ ​မပါဝင်တဲ့နိုင်ငံတွေအနေနဲ့ကလည်း ​တည်ငြိမ်အေးချမ်းမှုနဲ့ ​လွတ်လပ်မှုကို ​လိုလားနေကြလို့ပဲဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒါပေမယ့် ​တရုတ်နိုင်ငံဝန်ကြီးချုပ် ​Li ​Keqiang ​ကတော့ ​တောင်တရုတ်ပင်လယ်ပြင် ​နယ်မြေပိုင်ဆိုင်မှု ​အငြင်းပွားနေတဲ့ကိစ္စဟာ ​အာဆီယံ ​စည်းဝေးပွဲအတွင်း ​ဆွေးနွေးရမယ့် ​အကြောင်းအရာတခုအဖြစ် ​ဘယ်တုန်းကမှမဖြစ်ခဲ့သလို ​ဘယ်တော့မှလဲ ​ဖြစ်လာမှာမဟုတ်ဘူးလို့ ​ပြန်လည်တုန့်ပြန်လိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်နယ်မြေပိုင်ဆိုင်မှုမှာ ​ပါဝင်တဲ့နိုင်ငံတွေကတော့ ​တရုတ်၊ ​မလေးရှား၊ ​ဖိလိပိုင်၊ ​ထိုင်ဝမ်နဲ့ ​ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။

                                                                                     ABC Radio Australia




0 Comment Box:

Post a Comment


 

Comment Box

Followers