Friday, October 4, 2013

မှောင်ခိုထုတ်လာသော ဆင်စွယ်များကို ဟောင်ကောင်အကောက်ခွန်ဌာန သိမ်းဆည်း

http://www.khitlunge.org.mm/UploadImages/hong.jpg
ဟောင်ကောင် အကောက်ခွန် အရာရှိများသည် မှောင်ခိုထုတ်လာသော ဆင်စွယ်တစ်တန်ခန့်ကို သိမ်းဆည်းရမိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံ၏ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟောင်ကောင်၌ မျိုးသုဉ်းနိုင်သော ဆင်သတ္တဝါ၏ အစွယ်များကို သိမ်းဆည်းရမိမှုမှာ သုံးလအတွင်း တတိယအကြိမ် ဖြစ်သည်။ 

စက်တင်ဘာလ နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သော မှောင်ခိုတင်သွင်းမှု တိုက်ဖျက်ရေး စစ်ဆင်ရေးလုပ်ငန်းများအတွင်း ဟောင်ကောင်ပင်လယ် ဆိပ်ကမ်း၌ စုစုပေါင်း အလေးချိန် ၇၆၉ ကီလိုဂရမ်ရှိ ဆင်စွယ် ၁၈၉ ချောင်းကို သိမ်းဆည်းရမိကြောင်း အကောက်ခွန်ဌာနက ပြောကြားသည်။ သီးခြား သင်္ဘောသုံးစင်းပေါ်တွင် တင်ဆောင်လာသည့် ကုန်သေတ္တာများအတွင်း ပဲပိစပ်အိတ်များနှင့်အတူ သိုဝှက်ယူလာသော ဆင်စွယ်များကို ဟောင်ကောင် အကောက်ခွန်ဌာနက သိမ်းဆည်းရမိကြောင်း ပင်လယ်ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း ဌာနချုပ်အကြီးအကဲ ဗင်းဆင့်ဝေါင်းက ပြောကြားသည်။ 

အဆိုပါ ဆင်ဟွယ်များကို ဂီနီပင်လယ်ကွေ့ရှိ အိုင်ဗရီကို့စ်သမ္မတ နိုင်ငံမှ စတင်သယ်ယူလာခဲ့ပြီး မလေးရှားနိုင်ငံမှ တစ်ဆင့် ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ကြောင်း၊ တရုတ်ပြည်မကြီးသို့ ပေးပို့ရန် ရည်ရွယ်ဖွယ်ရှိကြောင်း ဟောင်ကောင်အကောက်ခွန်ဌာနက ပြောကြားသည်။

                                                                                   ခေတ်လူငယ်

0 Comment Box:

Post a Comment


 

Comment Box

Followers