Saturday, October 19, 2013

ဟိုင်းလက်၊ ပစ်ကပ်နဲ့ လိုက်ထရပ်များ အပ်နှံမှုအတွက် စီးတီးဘတ်စ်များ စတင်တင်သွင်းခွင့် ပြုလိုက်ခြင်း

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဟိုင်းလက်၊ ပစ်ကပ်နဲ့ လိုက်ထရပ်များ အပ်နှံပါက ခရီးသည် တင်ယာဉ်လိုင်းများမှာ  ပြန်လည်ပြေးဆွဲဖို့အတွက် မီနီဘတ်စ်ထက်
အရွယ်အစားကြီးတဲ့ စီးတီးဘတ်စ်များကို စတင်တင်သွင်းခွင့်
ပြုလိုက်ပြီဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါခရီးသည်တင်ယာဉ်လိုင်းများမှာ ပြေးဆွဲနေတဲ့ ဟိုင်းလပ်၊ ပစ်ကပ်နဲ့ လိုက်ထရပ်ယဉ် များကို
ဖျက်သိမ်းအပ်နှံပါက တင်သွင်းခွင့်အသစ် ပြန်လည်အစားထိုးတင်သွင်းချထားပေးမှုမှာ ယခင်က မီနီဘတ်စ် တစ်မျိုးတည်းသာ ချထားခွင့်ပြုခဲ့ပြီး အခုအခါမှာတော့ စီးတီးဘတ်စ်ကြီးများ လည်း
တင်သွင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

 
အခုလို ယာဉ်အို၊ ယာဉ်ဟောင်းစီမံချက်အရ ယခင်က မြို့တွင်းပြေးဆွဲနေတဲ့ ဟိုင်းလပ်ကားများဖြစ်တဲ့ (၁၀၇)နံပါတ်ခရီးသည်တင်ယာဉ်များ၊ နံပါတ်(၃)်ခရီးသည်တင်ယာဉ်များအပြင်
ဒိုင်နာကားများပါ အပ်နှံပါက ပြန်လည်တင်သွင်းခွင့်ကို မြို့တွင်းပြေးဆွဲတဲ့ အဲကွန်းဘတ်စ်၊ စီးတီးဘတ်စ်များအဖြစ် ပြန်လည်တင်သွင်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

အခုလို  စီးတီးဘတ်စ်များ တင်သွင်းခွင့်ပြုလိုက်ခြင်းဟာ ယခင်က ခရီးသည်တင်ယာဉ် မီနီဘတ်စ်တွေဟာ ထိုင်ခုံအရ (၁၅)ခုံ၊ (၁၆)ခုံလောက်နဲ့လူဦးရေအရ (၂၅)ယောက်သာ လိုက်ပါ နိုင်တာဖြစ်ပြီး စီးတီးဘတ်စ်များကတော့ ထိုင်ခုံရော၊
လူဦးရေအရပါ (၄၅)ယောက်လောက် ၀င်ဆံ့တဲ့ အတွက် ခရီးသည်တွေ ပိုမိုအဆင်ပြေစေဖို့ တင်သွင်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

                                                                                                     MRTV-4


0 Comment Box:

Post a Comment


 

Comment Box

Followers