Thursday, October 3, 2013

သုံးလောင်ပြိုင် လူသတ်မှု မန္တလေးတွင် ဖြစ်ပွား

မန္တ လေးချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် (တ-ရ)၊ ၆၉ လမ်းနှင့် နှင်းဆီလမ်းထောင့် အမှတ် (ဏ-၁၆)ရှိ Panasonic Co., Ltd မန္တလေးရုံးခွဲ၌ အောက်တိုဘာ ၂ရက် နံနက် ၆နာရီမိနစ် ၅ဝခန့် က သုံးလောင်းပြိုင်လူသတ်မှုတစ် ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရုံးခန်း သို့ နံနက်ပိုင်းတွင် သက်ပိုင်စိုး (၂၇)နှစ် အရောင်း ဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန်လာရောက် စဉ် ခြံဝင်းတံခါးမ ကြီးပွင့်နေ သည် ကိုတွေ့ရပြီး ခြံဝင်းအတွင်း ဦးဟန် သောင်း (၇၀)နှစ် ကုမ္ပဏီလုံခြုံ ရေးဝန်ထမ်း၊ ထန်းတပင်ဈေးချို ရပ်ကွက် အမရပူရမြို့နယ် ဦးတင်လှိုင်(၅၄)နှစ်၊ ကုမ္ပဏီလုံ ခြုံရေးဝန်ထမ်း၊ ထန်းတပ်ဈေးချို ရပ်ကွက် အမရပူရမြို့နယ် ဒေါ် ကြည်ဟန်(စိစစ်ဆဲ)တို့သုံးဦး မျက် နှာနှင့် ဦးခေါင်းတို့တွင် ထုရိုက် ထားသည့် ဒဏ်ရာ များဖြင့်သေ ဆုံးနေကြောင်း ဒါရိုက်တာ ဦးလှ ဖုန်းကျော်ထံ သတင်းပေးအကြောင်း ကြားခဲ့ရာ ဦးလှဖုန်းကျော်က ရဲ စခန်းသို့ အကြောင်းကြားသဖြင့် အခင်းဖြစ်ပွား ရာနေရာသို့ ရဲတပ် ဖွဲ့ဝင်များရောက်ရှိစစ်ဆေး၍ လူ သတ်မှုကျူးလွန်သူအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိသည်။
                                                                                                    Yangon Media Group
 
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers