Tuesday, October 22, 2013

၂၀၀၈ ဖွဲ့စည်းပုံဟာ အမျိုးသမီးတွေ သမ္မတ ဖြစ်ခွင့်မရဟု ဒေါ်စုဝေဖန်

suu kyi eu second trip - ခွန် ဒီးယမ်ဖေ့စ်ဘွတ်မှ

မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေအရ ​အမျိုးသမီးတွေ ​သမ္မတ ​ဖြစ်ခွင့်မရှိတာကြောင့် ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေဟာ ​ဒီမိုကရေစီ ​နည်းမကျဘူးလို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​သမ္မတဖြစ်သူတွေဟာ ​စစ်တပ်အတွေ့အကြုံရှိရမယ့် ​ပုဂ္ဂိုလ်တွေ ​ဖြစ်ရမယ်လို့ ​ပြဌာန်းထားတဲ့အတွက် ​အမျိုးသမီးတွေကို ​အလိုအလျောက် ​ပယ်ထားသလို ​ဖြစ်နေတယ်လို့ ​ပြောပါတယ်။

အဲ့ဒါ့အပြင် ​နိုင်ငံခြားသားတွေနဲ့ ​သွေးသားတော်စပ်သူတိုင်းကိုပါ ​သမ္မတဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့အတွက် ​ဗြိတိန်နိုင်ငံသားနဲ့ ​အိမ်ထောင်ကျခဲ့တဲ့ ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​အလိုအလျောက် ​သမ္မတဖြစ်ခွင့် ​ပိတ်ပင်ခံရတာ ​ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ဖို့ ​ဥရောပသမဂ္ဂက ​မြန်မာအစိုးရအပေါ် ​တောင်းဆိုမှုတွေ ​ပြုလုပ်ထားပေမယ့် ​အီးယူအဖွဲ့သာမက ​အမေရိကန်အစိုးရအနေနဲ့ပါ ​ဒိထက်မက ​ဖိအားပေး ​တောင်းဆိုမှုတွေလုပ်ဖို့လိုကြောင်း ​ဥရောပကိုရောက်နေတဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

တိုင်းရင်းသား ​ပြဿနာ ​ဖြေရှင်းရာမှာလည်း ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေပါ ​အချက်အလက်တွေက ​အဓိကအခန်းကဏ္ဍမှာ ​ပါဝင်တဲ့အတွက် ​အခြေခံဥပဒေပြင်ဆင်မှုတွေ ​လုပ်ရမယ်လို့ ​ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ​တရားဥပဒေ ​စိုးမိုးရေး ​အားနည်းတာတွေ၊ ​အခြေခံ ​အဆောက်အဦးတွေဖြစ်တဲ့ ​ကားလမ်း၊ ​လျှပ်စစ်နဲ့ ​ရေပေးစနစ် ​အခက်အခဲတွေနဲ့ ​နိုင်ငံရေး ​လူမျိုးရေး ​ပြဿနာတွေကြောင့် ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံဖို့ ​အစိုးရက ​ဖိတ်ခေါ်ပေမယ့် ​နိုင်ငံခြား ​စီးပွားရေးသမားတွေ ​အယုံအကြည်နည်းပါးပြီး ​အစိုးရ ​ခန့်မှန်းထားတာထက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​နည်းပါးနေသေးတာ ​ဖြစ်တယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

အင်္ဂါနေ့မှာတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​ဥရောပသမဂ္ဂရဲ့ ​ပါလီမာန်မှာ ​အီးယူအဖွဲ့ရဲ့ ​ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ ​Sakharov ​လူ့အခွင့်အရေးဆုကို ​လူကိုယ်တိုင် ​လက်ခံမှာ ​ဖြစ်ပါတယ်။

                                                                                          ABC Radio Australia



3 Comment Box:

Zaw Mmtun said...

သမ္မတ သိပ်​ဖြစ်​ချင်​​နေတယ်​​ပေါ့
တောင်းပန်​ပါတယ်​ဗျာ ​နောက်​ဘဝကြမှပဲ လုပ်​ပါ ​အေးချမ်းသာယာ​နေတဲ့ ငါတို့တိုင်းပြည်​ကို
ကုလားလက်​ထဲ အပ်​ချင်​​နေတဲ့ ခင်​များတို့
ခေါ်​ခေါ်​နေတဲ့ အ​မေစုက သမ္မတဖြစ်​ချင် လို့တဲ့
လောဘ...​လောဘ ​တော်​​တော်​ကြီးတာပဲ

Golden Peafowl said...

ကဲကဲ ဒေါ်စုရေ အရမ်းတော်ပါတယ်။ စကားပြောလည်း တော်ပါတယ်။ လက်ပန်းတောင်းတောင်ကိုလည်း တချက်လောက်တော့ ငဲ့ကြည့်ပါဦး ရန်တွေ့ခိုင်းတာ မဟုတ်ဘူးနော်။ ကိုယ့်သားတွေထက်တောင် ငယ်တဲ့ ခလေးတွေကို လက်ညိုးငေါက်ငေါက်ထိုးထိုးပြီး ပြောရဲတဲ့ ခင်ဗျားရဲ့ ရွှေသတ္တိကို အရမ်း ချီးကြူးမိပါတယ်။
တရုတ်မို့လို့ မရောင်းချင်လို့ မရောင်းတာ။ တိုင်းပြည်အတွက် ရှေ့ရေးအတွက် ထက် သူတို့ ၀မ်းရေးက ပိုအရေးကြိးတယ်။ အညာသားတွေ ရိုးတာ ဒေါ်စု ပိုသိပါတယ်။ ချော့ပြောပါ။ အချိန်ပေးပါ။ တန်ရာ တန်ကြေးပေးပါ။ မနီမ်ပါနဲ့။ အထင်မသေးပါနဲ့။ သူတို့အပိုင်ဆိုတာလည်း ထည့်တွက်လေ။ သမ္မတကလည်း တရုတ်ကို ကာကွယ်တယ်။ ပြည့်သူ့ရဲကလည်း တရုတ်ရဲဖြစ်နေပြီ။ တရုတ်က ရန်ကုန် မန္တလေး ရှမ်းပြည် အထက်ပိုင်းအားလုံးကို တဖြည်းဖြည်းနဲ့ နည်းမျိုးစုံနဲ့ သိမ်းယူနေတာလေ။ ကုလားကို စိုးရိမ်သလို တရုတ်ကိုလည်း စိုးရိမ်ရတယ်လေ။ ပြည်တွင်းတရုတ်ကို မပြောလိုဘူး။ ကြည့်လုပ်ကြဦးနော်။ စကားကိုလည်း ကြည့်ပြောကြ။

Nay Myo k said...

zaw Mmtun ရေလူဆိုတာအကောင်းအစိုးဝေဖန်ပိုင်းခြားနိုင်ပါတယ်
ဒါပေမယ်ကိုမလုပ်နိုင်ရင်နေပါ မကဲ့ရဲ့ပါနဲ့

Post a Comment


 

Comment Box

Followers