Monday, October 14, 2013

မိုက်ကယ်အိုဝင်၏ အင်္ဂလန်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်နေသည့် ရူနီ


အင်္ဂလန်တိုက်စစ်မှူး ဝိန်းရူနီဟာ အင်္ဂလန်အသင်းအတွက် တရားဝင်ပြိုင်ပွဲ ဂိုးပေါင်း ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပြီ ဖြစ်ပြီး အသင်းဖော်ဟောင်း ဖြစ်ခဲ့သူ မိုက်ကယ်အိုဝင်၏ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ စံချိန်တစ်ခု ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ရူနီဟာ ကျေနပ်လျက်ရှိပြီး လာမည့် အင်္ဂါနေ့မှာလည်း အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ရူနီဟာ အင်္ဂလန်အသင်းအတွက် အရေးပါသည့် ခြေစစ်ပွဲစဉ်ဖြစ်သည့် မွန်တီနီဂရိုးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်မှာ အဖွင့်အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ယခုခဲ့သို့ စံချိန်တစ်ခု တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိုးနှင့် ပါတ်သက်ပြီး ရူနီက “ဒါ အရေးပါတဲ့ ဂိုးတစ်ဂိုးပါ။ မိုက်ကယ်အိုဝင်တစ်ယောက် အရမ်းကျေနပ်နေလိမ့်မယ်လို့ မထင်ပါဘူး။” ဟု ပြုံးရွှင်စွာ ပြောကြားခဲ့သည်။

“လာမယ့် ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားနိုင်ခဲ့မယ်ဆိုရင် ဒါ ထူးရှယ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ကမ္ဘာ့ဖလားမှာ ဂိုးတွေသွင်းယူနိုင်ဖို့ ကြိုးစားရမှာပေါ့။ ဘာလို့လဲ ဆိုတော့ ကျနော် အဲဒါကို မစွမ်းဆောင်နိုင်ခဲ့သေးလို့ပါ။” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝိန်းရူနီဟာ အင်္ဂလန်အသင်း၏ တရားဝင် ပြိုင်ပွဲများမှာ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်သူ ဖြစ်သော်လည်း အံ့အားသင့်ဖွယ် ကမ္ဘာ့ဖလားမှာတော့ တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိသေးသည့် ကစားသမား ဖြစ်သည်။

အင်္ဂလန်အသင်း၏ တရားဝင်ပြိုင်ပွဲ ဂိုးအများဆုံးသွင်းယူထားသူများ
၁။ ဝိန်းရူနီ ၂၇ ဂိုး
၂။ မိုက်ကယ်အိုဝင် ၂၆ ဂိုး
၃။ ဂယ်ရီလင်ကာ ၂၂ ဂိုး
၎။ အလန်ရှီးယားရား ၂၁ ဂိုး
၅။ ဖရန့်ခ် လမ်းပါတ် ၁၉ ဂိုး
၆။ စတီဗင် ဂျရတ် ၁၅ ဂိုး
၇။ ဘော်ဘီ ချာလ်တန် ၁၄ ဂိုး
၇။ ဘရိုင်ယန် ရော့ဘ်ဆင် ၁၄ ဂိုး
၉။ ဂီယော့ဖ် ဟာ့စ်တ် ၁၃ ဂိုး
၉။ ကီဗင် ကီးဂန်း ၁၃ ဂိုး
၉။ ဂျာမိန်းဒီဖိုး ၁၃ ဂိုး
၉။ ဒေးဗစ် ဘက်ခမ်း ၁၃ ဂိုး

အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူများ(ခြေစမ်းပွဲများအပါအဝင်)
၁။ ဘော်ဘီ ချာလ်တန် ၄၉ ဂိုး
၂။ ဂယ်ရီလင်ကာ ၄၈ ဂိုး
၃။ ဂျင်မီ ဂရေ့ဗ် ၄၄ ဂိုး
၎။ မိုက်ကယ်အိုဝင် ၄၀ ဂိုး
၅။ ဝိန်းရူနီ ၃၇ ဂိုး
၆။ တင်ဖင်နေး ၃၀ ဂိုး
၆။ နက်တ် လို့ဖ်တ်ဟောက်စ် ၃၀ ဂိုး
၆။ အလန်ရှီယားရား ၃၀ ဂိုး
၉။ ဖရန့်ခ် လမ်းပါတ် ၂၉ ဂိုး
၁၀။ စတီဗီ ဘလွန်မာ ၂၈ ဂိုး
၁၀။ ဗီဗီယန် ဝုဒ်ဝါ့ဒ် ၂၈ ဂိုး
၁၃။ ဒေးဗစ် ပလပ် ၂၇ ဂိုး
Written by အောင်စိုးမိုး(နတ်ရွာ) 
 
                                                                                                  FOOTBALL CAFE
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers