Saturday, October 12, 2013

ဘရာဇီးမြေသို့ ၀င်ခွင့်ရခဲ့သည့် ဥရောပအသင်းကြီးများ


ယနေ့ည ဥရောပဇုန်ခြေစစ်ပွဲမှာ ပထမဦးဆုံး အောင်ခဲ့တဲ့အသင်းကတော့ အုပ်စု (A) က ဘယ်ဂျီယံအသင်းဘဲ ဖြစ်ပါတယ်။ ခရိုအေးရှားအသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဘရာဇီးမြေသို့ ခြေချခွင့်ရရှိသွားနိုင်ခဲ့ပါတယ်။ သရေ ရလဒ်ရရှိယုံဖြင့် ခြေစစ်ပွဲအောင်နိုင်မည် ဖြစ်သောကြောင့်ဘယ်ဂျီယံအသင်း အစွမ်းကုန်ယှဉ်ပြိုင်ကစားခဲ့ပြီး၊ ချဲလ်ဆီးမှ အဲဗာတန်ဆီကို အဌားချထားတဲ့ တိုက်စစ်မှုး လူကာကူ၏ တစ်ကိုယ်တော် အစွမ်းပြ သွင်းဂိုးများဖြင့် အိမ်ရှင် ခရိုအေးရှားအသင်းကိုအနိုင်ရရှိခဲ့ပါတယ်။ ယခုခြေစစ်ပွဲအောင်ခဲ့မှုသည် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဘယ်ဂျီယံအနေနဲ့ ပထမဦးဆုံး ခြေစစ်ပွဲအောင်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှုး လူကာကူက ဘယ်ဂျီယံအသင်းအတွက် အနိုင်ဂိုးများကို ၁၅ မိနစ် နှင့် ၃၈ မိနစ်တို့မှာ တကိုယ်တည်းဆွဲထွက်သွားပြီး ဂိုးသမားကို အသာအယာလိမ်ခေါက်ပြီး သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ ဒဏ်ရာရနေသည့်အတွက်အရန်ခုံမှာ ထိုင်နေခဲ့ရသည့် ဘယ်ဂျီယံအသင်းခေါင်းဆောင် ကွန်ပနီက "ကျွန်တော့်အတွက်တော့ ဘောလုံးဟာ ကြီးမားခမ်းနားတဲ့ အခိုက်အတန့် ကာလ နှင့် အောင်မြင်မှုတွေ ဖြစ်ခဲရ့ပါပြီ၊ ဒီ့အတွက်ကြောင့်လည်း ကျွန်တော် နိုင်ငံ နှင့် အသင်းအတွက် အရမ်းကိုဂုဏ်ယူပါတယ်။ ဒီ့ထက်ပိုပြီးလည်း အသင်းနှင့် နိုင်ငံအတွက် ကြိုးစားကစားပေးအုံးမှာပါ" ဆိုပြီး ပြောကြားခဲ့ပါသည်။ ပွဲအပြီးတွင် အသင်းဖော်များအားလုံးက ဘယ်ဂျီယံနည်းပြ Marc Wilmots ကို အပေါ်မြောက်ပြီး ခရိုအေးရှားမြေမှာ အောင်ပွဲခံခဲ့ကြပါသည်။


ဒုတိယ အောင်မြင်နိုင်ခဲ့တဲ့ အသင်းကတော့ အုပ်စု (C) မှ ဂျာမနီအသင်းဖြစ်ပြီး အိုင်ယာလန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါသည်။ အိမ်ရှင်ပရိတ်သတ်ရှေ့ မှာ အိုဇေး၊ စချူလယ် နှင့် ခီဒီယာ တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့တာပါ။ အိုင်ယာလန်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး လက်ရှိနိုင်ပွဲကြောင့် တစ်ပွဲကျန်သေးသော်လည်း အုပ်စု ဒုတိယနေရာမှ ဆွီဒင်ကို ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ယနေ့မှာ တိုက်ရိုက်ခြေစစ် ပွဲအောင်မြင်နိုင်ခဲ့သည့် အသင်းဖြစ်ခဲ့ပါတယ်။

တတိယအောင်မြင်ခဲ့သည့်အသင်းအနေနဲ့ အုပ်စု (E) က ဆွန်ဇာလန်အသင်းဖြစ်ပြီး၊ကြိုတင်ခန့်မှန်း ထားသည့် အတိုင်း အာဘေးနီးယားကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို့အတွက်ကြောင့် အုပ်စုဒုတိယအသင်းဖြစ်သည့် အိုက်စလန် ကို (၅) မှတ်ဖြတ်ထားနိုင်ခဲ့ကာ လက်ကျန်တစ်ပွဲမပြီးခင်မှာဘဲ ကမ္ဘာ္ပဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၀င်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

စတုတ္ထခြေစစ်ပွဲအောင်နိုင်ခဲ့သည့် အသင်းကတော့ အုပ်စု (F) မှ ရုရှားအသင်းဖြစ်ပြီး၊ လူဇင်ဘတ်ကို အဝေးကွင်းမှာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး၊ ပေါ်တူဂီအသင်းက အစ္စရေးအသင်းနှင့် ၁ ဂိုးစီသရေအထား ဖြစ်ခဲ့တာကြောင့် ဂိုးပေါင်း အသာရရှိနေသည့် ရုရှားအသင်းက ပေါ်တူဂီအသင်းကို (၃) မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ကမ္ဘာ့ ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၀င်ခွင့်ရရန် သေချာခဲ့ရပြီဖြစ်ပါတယ်။


                                                                                           FOOTBALL CAFE


 

0 Comment Box:

Post a Comment


 

Comment Box

Followers