Tuesday, October 22, 2013

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးထွက်အဆင့်တွင် ပေါ်တူဂီနှင့် ဆွီဒင်တို့ တွေ့ဆုံနေ

 ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးထွက်အဆင့်တွင် ပေါ်တူဂီနှင့် ဆွီဒင်တို့ တွေ့ဆုံနေ

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ရှုံးထွက်ပွဲစဉ်များ မဲခွဲဆုံးဖြတ်ပွဲကို ဖီဖာရုံးချုပ်တည်ရှိရာ
ဇူးရစ်မြို့မှာ ကျင်းပခဲ့ပြီး ပေါ်တူဂီနှင့် ဆွီဒင်၊ ပြင်သစ်နှင့် ယူကရိန်းတို့ တွေ့ဆုံကစားရမည်ဟု သိရသည်။ အညံ့ဖျင်းဆုံး အုပ်စုဒုတိယအသင်းအဖြစ် သတ်မှတ်ခံရသည့် ဒိန်းမတ်မှာ ရှုံးထွက်ပွဲစဉ် ကစားခွင့်မရခဲ့ဘဲ ကျန်အသင်း (၈)သင်းအား ဦးစားပေး(၁)၊ ဦးစားပေး(၂)ဟု ပိုင်းခြားခဲ့ရာတွင် ပေါ်တူဂီ၊ ဂရိ၊ ယူကရိန်းနှင့် ခရိုအေးရှားတို့ ဦးစားပေး(၁)အဖြစ် သတ်မှတ်ခံခဲ့ရပြီး ယင်းအတွက်ကြောင့် ပေါ်တူဂီနှင့် ဆွီဒင်၊ ပြင်သစ်နှင့် ယူကရိန်း၊ ဂရိနှင့် ရိုမေးနီးယား၊ အိုက်စလန်နှင့် ခရိုအေးရှား စသည့် အတွဲအဖက်များ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီနှင့် ဆွီဒင်တို့မှာ သမိုင်းတစ်လျှောက်တွင် (၁၅)ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဆွီဒင်က (၆)ပွဲနိုင်၊ (၆)ပွဲ သရေ ရလဒ်ပိုင်ဆိုင်ခဲ့ကာ ပြင်သစ်နှင့် ယူကရိန်းတို့၏ (၇)ကြိမ် တွေ့ဆုံမှုတွင်လည်း ပြင်သစ်က (၄)ပွဲနိုင်၊ (၃)ပွဲ သရေ ရလဒ်ရရှိခဲ့သည်။ ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်များကို နိုဝင်ဘာ (၁၅)ရက်နေ့တွင် ကစားရမည်ဖြစ်ပြီး နောက်လေးရက်အကြာ၌ ဒုတိယအကျော့ ကစားရမည်ဟု သိရသည်။

                                                                                        zaw zaw tun
                                                                                        ရိုးရာလေး

0 Comment Box:

Post a Comment


 

Comment Box

Followers