Saturday, October 26, 2013

ဘိုင်ယန်မြူးနစ်ကို ဘာစီလိုနာ ကဲ့သို့ ကစားစေရန် တည်ဆောက်နေခြင်းမရှိဟု ဂွါဒီယိုလာငြင်းဆို

 

ဘိုင်ယန်မြူး နစ် နည်းပြ ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်ကို အသင်းဟောင်း ဘာစီလိုနာ ကဲ့သို့ ကစားစေရန် တည်ဆောက်နေခြင်း မရှိကြောင်း ငြင်းဆို
လိုက်သည်။

အသက်(၄၂)နှစ်ရှိ ဂွါဒီယိုလာသည် ဘာစီလိုနာကို (၄)နှစ်ကြာ ကိုင်တွယ် သည့် ကာလ အတွင်းတွင် လာလီဂါ ဖလား(၃)ကြိမ်၊ ချန်ပီယံလိဂ် ဖလား (၂)ကြိမ် အပါအ၀င် ဖလား(၁၄)လုံး ရရှိအောင် ဦးဆောင်နိုင် ခဲ့သူဖြစ် သည်။

ဂွါဒီယိုလာသည် (၂၀၁၁-၁၂) ဘောလုံး ရာသီ အကုန်တွင် ဘာစီလိုနာမှ
ထွက်ခွာကာ တစ်ရာသီကြာ အနားယူပြီးနောက် ပြီးခဲ့ သည့်နွေရာသီက ဘိုင်ယန်မြူးနစ်အား ကိုင်တွယ်ခဲ့သည်။

စပိန် လူမျိုးနည်းပြ ဦးဆောင်နေသည့် ဘိုင်ယန်မြူးနစ် သည် ဘွန် ဒက်စ် လီဂါ (၉)ပွဲတွင် (၇)ပွဲနိုင်၊ (၂)ပွဲသရေကျထားပြီး ချန်ပီယံ လိဂ်တွင် (၃)ပွဲ စလုံး အနိုင်ရရှိထားသည်။

ဂွါဒီယိုလာက “ဘိုင်ယန်မြူးနစ်ကို ဘာစီလိုနာ လက်သစ်အဖြစ် မပြောင်း လဲလို ပါဘူး။ စိတ်ဓာတ်ပိုင်းက ကွဲပြားပါတယ်။ စတိုင်၊ အခြေခံ သဘော သဘာဝ၊ ယဉ်ကျေးမှု၊ ကစားသမားတွေ ကလည်း ကွဲပြားပါတယ်။ ဒီက လပ် ဟာ သူတို့ကို အတုယူ ရလောက်အောင် အောင်မြင်မှုတွေ အများကြီး ရယူထားတဲ့ ကလပ်ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒီကစား သမားတွေ ကို နည်းပြ ချင်လို့ ဒီကို ရောက်လာ ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူး နစ်ဟာ ကျွန်တော့် စိတ်ကူးတွေထက် အများကြီး ကြီးကျယ် တဲ့ကလပ်ဖြစ်ပါတယ်။ ကျွန်တော့်မှာ လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က ပြီးခဲ့တဲ့ ရာသီက အဆင့်အတန်း၊ အရမ်းကောင်းမွန်တဲ့ ကစားဟန်နဲ့ ကစားပြီး ရှုံးပွဲမရှိမှုကို လိုက်မီနိုင်ဖို့ပဲ ဖြစ်ပါတယ်။ နည်းပြတစ်ဦးဟာ ကစားသမား တွေရဲ့ အရည် အသွေးကို သိဖို့ လိုပါတယ်။ ဒါမှသာ သူတို့ကို ကောင်းမွန်စွာ ကိုင် တွယ်နိုင်မှာ ဖြစ်ပါတယ်” ဟုပြောကြား ခဲ့သည်။ ဘိုင်ယန်မြူးနစ်သည်
စနေနေ့တွင် ဟာသာဘာလင်အား အိမ်ကွင်းတွင် ဧည့်ခံ ကစား ရမည်ဖြစ် သည်။


                                                                                            Goal Myanmar


 

0 Comment Box:

Post a Comment


 

Comment Box

Followers