Friday, October 4, 2013

ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီ HP မြန်မာဈေးကွက်ချဲ့

 
အမေရိကန်ပြည်ထောင်စု အခြေစိုက် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီဖြစ်သည့် Hewlett-Packard (HP)က လုပ်ငန်းအရှိန်မြှင့်တင်ရန်နှင့် ဈေးကွက်ချဲ့ထွင်ရန် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာကြောင်း Hewlett-Packard Asia Pacific Pte Ltd ထံမှသိရသည်။

 HP ကုမ္ပဏီမှထုတ်များကို ပြည်တွင်းကုမ္ပဏီ လေးခုမှ တစ်ဆင့်မြန်မာနိုင်ငံတွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။ ပြည်တွင်း ဈေးကွက်တွင်း စီးပွားရေး အရှိန်မြှင့်တင်ရန်အတွက် Inyaland၊ Lotus Technology နှင့် Royal Smart Trading တို့ကို HP ထုတ်ကုန်များ ဖြန့်ဖြူးခြင်း၊ တစ်ဆင့်ပြန်လည် ရောင်းချခြင်းနှင့် တင်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်မည့် ကုမ္ပဏီများအဖြစ် ရွေးချယ်ထားပြီး အရောင်းကိုယ်စားလှယ် ကုမ္ပဏီအဖြစ် NetSys Solution ကို ရွေးချယ်ထားကြောင်း HP ထံမှ သိရသည်။ 

ယခင်က HP အမှတ်တံဆိပ် ကုန်ပစ္စည်းများကို တင်သွင်းရောင်းချမှုများ ရှိသော်လည်း အာမခံပိုင်းနှင့် ဝန်ဆောင်မှုပိုင်းတွင် အားနည်းချက် အချို့ရှိကြောင်း ရန်ကုန်မြို့ရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များထံမှ သိရသည်။ ကွန်ပျူတာနှင့် ကွန်ပျူတာ နည်းပညာ ထုတ်ကုန်များ ထုတ်လုပ်နေသော Dell၊ Acer၊ Samsung စသည့် ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုမ္ပဏီခွဲများ လာရောက်ဖွင့်လှစ်ထားပြီး Apple ကလည်း မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းဆိုင်ကို စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့တွင် စတင်ဖွင့်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 

0 Comment Box:

Post a Comment


 

Comment Box

Followers