Thursday, October 24, 2013

တာချိုး၍ ပြင်စလူ အုပ်ချုပ်ရေးပိုင်းကို ထိထိရောက်ရောက် တရားစွဲမည်ဟု တိုင်းစိုက်/မွေးဝန်ကြီးဆို

 
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြင်စလူကျွန်းမြို့နယ်ခွဲ၌ ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းသို့ ရံပုံငွေပေးထား သည့် ငါးဖမ်းကျားပိုက်ထောင်သမားတို့၏ လုပ်ဆောင်ချက်များကြောင့် ဒေသခံ လယ်သမားများ၏ လယ်စိုက်ခင်းများ နှစ်စဉ်ပျက်ဆီးနေမှုအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကို တရားစွဲရမည်ဟု ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေး နှင့်မွေးမြူရေးဝန်ကြီးဦးစန်းမောင်က ဆိုသည်။

၂၀၀၈ခုနှစ်တုန်းက နာဂစ်မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ပြင်စလူကျွန်းမြို့နယ်ခွဲအတွင်းရှိ လယ်သမား များမှာ လယ်ယာစိုက်ရေးပျိုးရေးကို ခက်ခဲစွာပြန်လည်ထူထောင်၍ မိသားစုဘ၀များပြန်လည် ထူထောင်နိုင်ရန်ကြိုးစား နေစဉ်ကာလအတွင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းမှ ရံပုံငွေအဖြစ်ဆိုကာ ကျားပိုက်ဖြင့် ငါးပုစွန်ဖမ်းသူများကို လယ် စိုက်ခင်းများထဲသို့ ရေငန်သွင်းငါးပုစွန်ဖမ်းစေရန် ပြုလုပ်ခဲ့မှုကြောင့် စိုက်ပျိုးစပါးများ နှစ်စဉ်ပျက်ဆီးဆုံးရှုံးနေသည့် အပေါ် ၀န်ကြီးက ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ငါးပုစွန်ဖမ်းသူများမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံမှ ဖမ်းယူခွင့်ရယူ၍ ပြင်စလူကျွန်းမြို့နယ်ခွဲ အတွင်း၌ လယ်သမားနှစ်ထောင်ကျော်ခန့်က စိုက်ပျိုးလျှက်ရှိသည့် လယ်စိုက်ဧကလေးထောင်ကျော် အလယ်ရှိ လယ်သမား တို့၏ ရေငံတားသည့်'တာ'လည်း ဖြစ်၊ ဒေသခံများအားပြုသွားလာစရာတစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်း လည်းဖြစ်သည့် ကုန်းကြီး'တာ'အား ချိုးဖောက်ခဲ့သည့်အတွက် ဒေသတွင်း ပြည်သူများသွားလာရေးနှင့် လယ်သမား များ၏ စိုက်ပျိုးပင်များ နှစ်စဉ်ပျက်ဆီးနေကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစန်းမောင်ကဆိုသည်။

“ဒေသအုပ်ချုပ်ရေး ပုဂ္ဂိုလ်များက ရံပုံငွေရရှိရေးအတွက်'တာ'ကိုချိုးဖောက်ပြီးတော့ သူတို့ဟာသူတို့ လေလံပစ်တယ် ဆိုရင်ဒီဟာက လပွတ္တာမြို့နယ်ငါးဦးစီးက လုပ်တာမဟုတ်တဲ့အတွက် ဒေသအုပ်ချုပ်ရေးတွေအပေါ်မှာ ကျွန်တော် တို့က တရားစွဲရပါလိမ့်မယ်။ ထိထိရောက်ရောက် တရားစွဲရပါလိမ့်မယ်။ နောင်ကိုလည်းဒီလို အဖြစ်မျိုးတွေ မဖြစ် အောင် အဲ့လိုမှမလုပ်ဘူးဆိုရင် ဒီပြဿနာကနှစ်စဉ်နှစ်တိုင်း ဖြစ်မယ့် အနေအထားပါ။ ဒါပေမယ့်အခုကိစ္စက ကျွန် တော်တို့ ဆည်မြောင်းနဲ့တော့ မဆိုင်ပါဘူး။ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက လည်းလုပ်တာမဟုတ်တဲ့အတွက် ငါး ဦးစီးနဲ့လည်း မဆိုင်ပါဘူး”ဟု တိုင်းဧရာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက ပြောသည်။

အဆိုပါဒေသ၌ ကုန်းကြီးဆက်သွယ်ရေးလမ်းတာအဖြစ်ဖောက်လုပ်ခဲ့သည့်အတွက် လယ်ယာမြေများမှာ ရေကျာ် ကြီးချောင်း၌ ဧကနှစ်ထောင်ကျော်၊ ပြင်စလူမြစ်ဝဘက်၌ ဧကနှစ်ထောင်ကျော်ဆိုပြီး ကွဲသွားကြောင်း၊ ပြင်စလူ မြစ်ဝဘက်တွင် ပါသည့် ဧကနှစ်ထောင်ကျော်မှာ ဦးသာရောရေတံခါး၊ ကျားချောင်းရေတံခါး၊ အောင်လှိုင် ရေတံခါး ဟ၍ု ရေတံခါးသုံးခုရှိသည့်အနက် ပြင်စလူမြစ်မှ ၀င်လာမည့် ရေငံကိုမြေသားနှင့် အသေပိတ်တားထားသည့် အောင်လှိုင်ရေတံခါးအနီး နှစ်ဖာလုံခန့်အကွာ၌'တာ'ကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ထံကသိရှိရသည်။

ကုန်းကြီးကွင်းပတ်လမ်းတာကို ဒေသတွင်းမှနတ်သတ်၊ ကုန်းကြီး၊အောင်လှိုင်၊ ကျားချောင်း၊ ကွင်းလျှားစသည့် ကျေးရွာများမှ လေယာဉ်ကွင်း၊လေယာဉ်ကွင်းမှ တစ်ဆင့်ပြင်စလူစသည့်ဒေသခံများသို့ တစ်ရွာနဲ့တစ်ရွာသွားလာရာ တွင်အသုံးပြုသည့်'ပ'စောက်ပုံကြီးဆက်ထားသည့်ဆက်သွယ်ရေးလမ်းမှာ ပြတ်တောက်နေသည့်အတွက်
 ကျေးလက် တောရွာများ၌သွားလာရာတွင် အသုံးပြုသောလှည်းများ၊ ထော်လာဂျီများနှင့်သွားလာ၍မရဘဲ ခြေလျင် ခရီးပင် ခက်ခက်ခဲခဲသွားလာနေရသည်ဟု ဒေသခံတို့ကဆိုသည်။

“တမံတွေရဲ့အပေါက်တွေက နှစ်တိုင်းအနည်းနဲ့အများဆိုသလိုနှိပ်စက်နေတဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေ ဆင်းရဲကြတယ်။ ဒီတမံတွေကလူသူမနီးတဲ့နေရာတွေမှာရှိတော့ လက်ပူးလက်ကြပ် ဖမ်းဖို့လည်း ခက်ပါတယ်။ အပြင် ရေစိမ်းသွင်းတယ်။ ရေစိမ်းသွင်းတဲ့အခါကျမှအထဲက သားငါးကပျော်ပြီး ဒီရေကျချိန်ပြန်ကျလာတယ်။ အဲ့ဒါကြောင့် ငါးပုစွန်ဖမ်းတဲ့သူတွေက လယ်သမားတွေကို မငဲ့ဘဲလုပ်ကြ တာ”ဟု ပြင်စလူမြို့နယ်ခွဲရှိ အောင်လှိုင်ကျေးရွာ လယ်သမားတစ်ဦးက ပြောသည်။

ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများမှ ရံပုံငွေအဖြစ်(၅)သိန်း၊(၇)သိန်းဆိုပြီး လေလံပစ်ခဲ့သည့်အတွက် ငါးပုစွန်ဖမ်း သမားများက'တာ'ကို စနစ်တကျထိန်းသိမ်းလုပ်ဆောင်မှုမရှိဘဲ ချိုးဖောက်ထားသည့်'တာ' များမှာ အောက်မှ လှိုက်စား၊ဘေးမှလှိုက်စားသဖြင့် အပေါက်ပိုမိုကြီးလာကြောင်း၊ ရေများအားကိုလည်း စိုက်ပျိုးစပါးများအတွက် မလျှော့ရမည့်အချိန်တွင်လျှော့ပြီး ရေမသွင်းရမယ့်အချိန်၌ သွင်းသဖြင့်ဒုက္ခ ရောက်ရကြောင်း ဒေသခံလယ်သမား တို့က ဆိုသည်။

လယ်သမားတို့လယ်စိုက်ချိန်မိုးအရမ်းရွာပြီးရေများသည့်အချိန်များတွင် တာကိုချိုးဖောက်သဖြင့်ပတ်ဝန်းကျင်ရှိ လယ်သမာများရေမြုပ်၍ နှစ်ခါ၊သုံးခါပြန်စိုက်ရသဖြင့်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း လယ်သမားတို့မှ တိုင်ကြားထားကြောင်းသိရသည်။

“လေလံချတာတို့ ဘာတို့လုပ်ရအောင် လေလံချလို့ရတဲ့ဟာလည်း မဟုတ်ဘူး။ချိုးဖောက်ရမယ့် နေရာလည်း မဟုတ် ဘူး။ ဆက်သွယ်ရေးလမ်းကြီးလည်းဖြစ်တော့ မလုပ်ရမယ့်နေရာဖြစ်လို့ မြို့နယ်ကိုပြောတယ်။ မြို့နယ်ခွဲကိုလည်း ပြောတယ်။ ပြောတဲ့အခါကြတော့ အဖွဲ့ဖွဲ့ပြီးညှိုနှိုင်းပါတယ်။ ဒီလိုနဲ့ပဲတာကျိုး ပေါက်က အခုအထိမပိတ်သေးဘူး”ဟု လပွတ္တာမြို့နယ်မှဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းက ပြောသည်။

လယ်သမားများမှာ စိုက်ပင်များသေဆုံးသဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို ပြောသည့်အခါ ချက်ချင်း ဆောင်ရွက် ပေးသော်လည်း တာကျိုးအပေါက်မှာ တဖြည်းဖြည်းကျယ်ကျယ်လာပြီး ယခုနှစ်လိုမိုးများသည့်နှစ်တွင် မိုးရေလိုက်သည့်အတွက် စပါးပင်အောင်မြင်ပြီးလယ်သမားများအတွက်အဆင်ပြေသော်လည်း ထိုအပေါက်ကြီးမှာ ဒီတိုင်းဖြစ်နေမည်ဆိုပါက ဒေသခံလယ်သမားများနှစ်စဉ်ဒုက္ခရောက်ကြမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ဒေသခံလယ်သမားများအနေဖြင့် အဆိုပါကိစ္စအတွက် ကပုသိမ်မြို့ရှိ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး ကွန်ယက်(HRWDN)သို့လည်း အဆိုပါကိစ္စကိုတိုင် ကြားထားသဖြင့်၎င်းအဖွဲ့မှ လူတို့၏အသက်ရှင်ခွင့်နှင့်လုံခြုံခွင့်ကို ထိပါးစေသည့်ကိစ္စဖြစ်သည့်အတွက်အမျိုးသား လူ့အခွင့်အရေးဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ရေး စီစဉ်နေသည်ဟု သိရသည်။

                                                                                        Myitmakha Media Group



0 Comment Box:

Post a Comment


 

Comment Box

Followers