Tuesday, October 15, 2013

နယ်စပ်တွင် မြေအောက် ဥမင်ရှာဖွေတွေ့ရှိခဲ့သည့် အစ္စရေး



ပါလက်စတိုင်း နယ်စပ်အခြမ်းမှ အစ္စရေးနိုင်ငံဘက်ကို လျို့ဝှက်ဖောက်လုပ်ထားတဲ့ မြေအောက် ဥမင်လှိုဏ်ခေါင်း တစ်ခုကို
ရှာဖွေတွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သတင်းမီဒီယာတွေကို ဖိတ်ခေါ်ပြသခဲ့ပြီး အဆိုပါ ဥမင်လှိုဏ်ခေါင်းဟာ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ် တဲ့ ဟားမတ်စ်အဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

အဆိုပါ အရှည် ၁.၇ကီလိုမီတာ ရှိတဲ့ လှိုဏ်ခေါင်းဟာ အမြင့် ၁.၇မီတာရှိပြီး အကျယ် ၅၀စင်တီမီတာ ရှိပါတယ်။ လှိုဏ်ခေါင်း ထဲမှာ လူတစ်ဦး မတ်တပ်ရပ်နိုင်ပြီး အဆိုပါ လှိုဏ်ခေါင်းဟာ ယခုနှစ်အတွင်း အစ္စရေးစစ်တပ်မှ ရှာဖွေတွေ့ရှိတဲ့ တတိယမြောက် လှိုဏ်ခေါင်းဖြစ်တယ်လို့ သိရပါတယ်။ ဟားမတ်အဖွဲ့ဟာ အခုလိုမျိုး လှိုဏ်ခေါင်းများစွာ တူးဖော်ပြီး အစ္စရေးဘက်ကို ပုန်ကန်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ်ကလည်း အစ္စရေး စစ်သည်တစ်ဦး ကို မြေအောကလှိုဏ်ခေါင်း လမ်းကြောင်း ကို အသုံးပြုကာ ပြန်ပေးဆွဲမှု ပြုလုပ်ခဲ့တာကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

                                                                                                  MRTV-4


0 Comment Box:

Post a Comment


 

Comment Box

Followers