Thursday, October 10, 2013

ပြည်သူတွေအတွက်မပွင့်လ၀ကကလူတွေအတွက်သာ ငွေရှာပေါက်ဖြစ်နေတဲ့မိုးပွင့်စီမံချက်



မိုးပွင့်စီမံချက်အရနိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးရာတွင် အောက်ခြေပိုင်း အုပ်ချုပ်ရေးဝန်ထမ်းအချို့ကယင်းစီမံချက်အပေါ်အကြောင်းပြု၍ ကျေးလက်နေဆင်းရဲသား
ပြည်သူများထံမှအကြောင်း အမျိုးမျိုးပြ၍ငွေကြေးသောင်းချီ၍ တောင်းခံနေမှုများ၊ သန့်ရှင်းသော အစိုးရဆိုသည် အတွက် စိန်ခေါ်သကဲ့သို့ ဖြစ်နေသည့် ယင်းအောက်ခြေပိုင်းခြစား၊ လာဘ်စားမှုများကို ထိရောက်စွာကိုင်တွယ်ရန်နှင့်အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားပြုလုပ်ရာတွင် မိုးပွင့်စီမံချက်ပါ အချက်အတိုင်း မြန်ဆန်စွာနှင့် သတ်မှတ်နှုန်းထားများအတိုင်းဖြစ်ရေးအတွက် သနပ်ပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦးက လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် လွှတ်တော်သို့ တင်ပြခဲ့သည်။


လ၀ကပြည်ထောင်စုဝန်ကြီးဌာနနဲ့ မိုးပွင့်စီမံချက်တွေကရည်ရွယ်ချက်ကောင်းသလောက် အောက်ခြေဆင်းရဲသားပြည်သူ တွေအတွက် ဘာမှအကျိုးမရှိပါဘူး။ မိုးပွင့်ကငွေများများပေးနိုင်မှပွင့်တာပါ။ မိုးပွင့်စီမံချက်ဆိုတာလ၀က ရုံးတွေမှာပဲ ရေ လောင်းပေါက်၊ ငွေရှာပေါက်ပွင့်ပါတယ်။ အခြေခံလူ တန်းစားတွေအတွက် မပွင့်ပါဘူး။  အောက်ခြေပိုင်းအုပ်ချုပ်ရေးအဖွဲ့တွေ မှာတော့ လာဘ်စားမှုတွေဟာ ဗြောင်ကျကျပါပဲ။ လုံးဝမပြောင်းသေးပါဘူး။ ဒါတွေကိုအထက်ဌာန တာဝန်ရှိအကြီးအကဲ တွေကမသိတာလား၊ သိသိကြီးနဲ့ပစ်ထားတာလား။ ယခင်အစိုးရတုန်းကလို ဟန်ပြသက်သက်လုပ်နေတာလား။ ဒါကြောင့် နိုင်ငံသားကတ်နဲ့ အိမ်ထောင်စုစာရင်းပြုလုပ်ပေးရာမှာ မိုးပွင့်စီမံချက်အတိုင်း မြန်ဆန်စွာနဲ့ သတ်မှတ်နှုန်းထားဖြစ်ဖို့ တင် ပြခြင်းဖြစ်ပါတယ်”” ဟု သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးကတင်ပြ သွားခဲ့သည်။


တင်ပြသွားခဲ့သည့်အပေါ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယ၀န် ကြီးက ပြန်လည်ဖြေကြား ရာတွင် မိုးပွင့်စီမံချက်အတိုင်း ပြည်သူများအဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံသားကတ်များမြန်မြန်ဆန်ဆန် ရရှိရေးအတွက် ဆောက်ရွက်ပေးလျက်ရှိပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှုပြုသည့် လ၀က၀န်ထမ်းများကို ရာထူးမှအနားပေးခြင်း၊ ရာထူး လျှော့ချခြင်း၊ နေရာပြောင်းဖြစ်ဒဏ်ပေးခြင်းစသည့် ပြစ်ဒဏ်များကိုတင်ပြလာသည်များအပေါ် စနစ်တကျစစ်ဆေး၍ အပြစ် ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသွားခဲ့သည်။                                                    

ခန့်ခန့်(ဒဿနိက)
HOT NEWS



 

0 Comment Box:

Post a Comment


 

Comment Box

Followers