Wednesday, October 16, 2013

အီတလီနိုင်ငံ၌ စီးပွားရေး အကျပ်အတည်း ဖြေရှင်းရန် သမိုင်းအမွေအနှစ်နေရာ ၅၀ ကျော်ကို ရောင်းမည်

 
အီတလီနိုင်ငံတွင် စီပွားရေး အကျပ်အတည်း ဖြေရှင်းနိုင်ရန်အလို့ငှာ ၁၈ ရာစုက နန်းတော်ကြီး အပါအဝင် သမိုင်းအမွေအနှစ်နေရာ ၅၀ ကို ရောင်းချသွားမည်ဖြစ်ကြောင်း ပရက်စ်တီဗွီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

အဆိုပါ သမိုင်းအမွေအနှစ် နေရာများကို ရောင်းချလိုက်ခြင်းအားဖြင့် ၂၀၁၃ ခုနှစ် ဂျီဒီပီ၏ ၃ ဒသမ ၀ ရာခိုင်နှုန်းရှိ ဘတ်ဂျက်လိုအပ်ချက်ကို ကာမိစေလိမ့်မည်ဟု ဆိုသည်။ မီလန်မြို့အနီးရှိ ၁၈ ရာစုခေတ်က ဗီလာမီရာဘယ်ကို နန်းတော်နှင့် ရောမမြို့မှ ၂၇ မိုင်အကွာ ဘရာစီယာနိုမြို့ရှိ အော်စီနီ အော်ဒက်စကော်ချီ သမိုင်းအမွေအနှစ်နေရာများ အပါအဝင် စုစုပေါင်း သမိုင်းအမွေအနှစ် ၅၀ ကျော်ကို အီတလီအစိုးရက ရောင်းချသွားမည်ဟု ဆိုသည်။ 

ဥရောပရှိ မည်သည့် အစိုးရမဆို ရန်ပုံငွေလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ကြိုးစားနေကြကြောင်း၊ ယင်းတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချခြင်းဖြင့် ငွေကြေးလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ကြိုးစားနေကြောင်း အီတလီသမိုင်း အမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်သူ ရူးပတ်ဖောဆက်က ပြောသည်။ 

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အီတလီနိုင်ငံသည် စီးပွားရေး တိုးတက်မှုနှုန်း အနှေးကွေးဆုံး နိုင်ငံဖြစ်လာခြင်းကြောင့် အသုံးစရိတ်များ လျှော့ချခြင်းကဲ့သို့သော တင်းကျပ်သည့် အစီအမံများဖြင့် ဆောင်ရွက်နေရသည်။ အလုပ်လက်မဲ့နှုန်းမှာလည်း မြင့်တက်လာလျက်ရှိသည်။ ဥရောပသည် ၂၀၀၈ ခုနှစ် အစောပိုင်းမှစပြီး ငွေကြေး အကျပ်အတည်း ဇုန်အတွင်း ကျရောက်ခဲ့ပြီး ယခုအခါ ဂရိ၊ အီတလီ၊ ပေါ်တူဂီ၊ အိုင်ယာလန်နှင့် စပိန်တို့ ငွေကြေးပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ (ပရက်စ်တီဗွီ)

                                                                                                     ခေတ်လူငယ် 


0 Comment Box:

Post a Comment


 

Comment Box

Followers