Tuesday, October 22, 2013

လမ်းမတော် မြို့နယ် ၌ ဗုံးလန့်မှု ဖြစ်ပွား သက်ဆိုင် ရာ ဗုံးရှင်း အဖွဲ့မှ ရှင်းလင်း ပေးခဲ့

 

ရန်ကုန် တိုင်း ဒေသ ကြီး လမ်းမတော် မြို့နယ် မော်တင် လမ်းမကြီး အနီး Junction Mawtin နှင့် မျက်နှာ ချင်း ဆိုင် တိုက်အမှတ် ( ၉၆ ) မြေညီထပ် အရှေ့ သစ်ပင် ခြေရင်း ၌ ဗုံးဟု ထင်မှတ် ရသည့် မသင်္ကာ ဖွယ်ရာ အထုပ် တစ်ထုပ် အား ယနေ့ နံနက် ၉ နာရီ တွင် တွေ့ရှိ ခဲ့မှု အပေါ် ပတ်ဝန်းကျင် နေ ပြည်သူ များ ထိတ်လန့် ခဲ့ရ ကြောင်း သိ ရ သည်

ယင်း နှင့် ပတ်သက် ၍ အဆိုပါ မသင်္ကာ ဖွယ် ရာ အထုပ် အား စတင် တွေ့ရှိ ခဲ့သူ အမှတ် ( ၉၆ ) နေ ဗိုလ်တထောင် အမှတ် ( ၅ ) ကျောင်းအုပ် ဆရာမ ကြီး ( ငြိမ်း ) ဒေါ်ခင် မျိုးညွန့် က ''အန်တီ တို့က သတင်းစာ တွေ၊ ဂျာနယ် တွေ ထဲမှာ အမြဲ တမ်း ဗုံးပေါက် ကွဲမှုတွေ၊ ဗုံး တွေ့ရှိမှု တွေ ကို အမြဲတမ်း ကြည့် နေတော့ တိပ်နဲ့ ပတ်ပြီး ကြိုး နဲ့ ချည်ထား တဲ့ ပုံစံမျိုး တွေ ကို တွေ့ဖူး နေ တာပါ။ ဒီနေ့ မနက် ၆ နာရီ မှာ အိမ်ရှေ့ထွက် ပြီး ဟိုဟို ဒီဒီ လှမ်းကြည့် ရင်း အန်တီ တို့ တိုက်ခန်း ရှေ့ သစ်ပင် ခြေရင်း မှာ ဝါယာ ကြိုးစ တွေ အပြင်ထွက်နေတဲ့ အထုပ် တစ်ထုပ် ကိုတွေ့ခဲ့ ရတယ်။ အန်တီ လည်း လမ်းမတော် ရဲစခန်း ကို အကြောင်း ကြား ခဲ့တာပါ။ အနီးနား လူတွေ က လည်း ဒီ အထုပ် ကြီး ကို ဝိုင်းကြည့် နေကြ ပါတယ်။ ဘယ်သူ မှ လည်း မကိုင်ရဲ ဘူး။ ဒီလို နဲ့ နံနက် ၉ နာရီ ခန့် မှာ ရဲစခန်း က လူတွေ နဲ့ တာဝန် ရှိသူတွေ ရောက်လာ ကြ တာ ပါပဲ''ဟု ပြောကြား ခဲ့သည်။

ထိုသို့ သတင်း ပေး အကြောင်း ကြား မှု နှင့် ပတ်သက် ၍ လမ်းမတော် မြို့မ ရဲစခန်း မှ ရဲ တပ်ဖွဲ့ဝင် များ၊ နယ်မြေ ခံ စစ် မြေပြင် အင်ဂျင်နီယာ တပ် မှ ဗုံးရှင်း တပ်ဖွဲ့ဝင်များ နှင့် တာဝန် ရှိ သူများ ရောက်ရှိ လာပြီး စစ်ဆေး ဆောင် ရွက်မှု များ ပြုလုပ် ခဲ့ ကြသည်။

ထိုသို့ စစ်ဆေး ဆောင်ရွက်မှု နှင့် ပတ်သက် ၍ ပေါ်ပေါက်လာမှု အပေါ် ''ကျွန်တော် တို့ လည်း သတင်း အရ စစ်ဆေး ခဲ့ရာ မှာ သူတို့ ထင်သလို ဗုံး မဟုတ်ပါ ဘူး။ ဝါယာ ကြိုးတွေ နဲ့ မီး ပလပ်ခုံ အပျက်ကြီး ပါ။ ပလပ်ခုံ က ကွဲ နေတော့ တိပ် တွေနဲ့ ပတ်ပြီး ဘေး မှာ ကြိုးစ တွေ ထွက်နေ တာပေါ့။ ဒါကို အမှိုက်အိတ် ထဲမှာ ရောက်နေတဲ့ မသင်္ကာ ဖွယ် ရာ ဝါယာ ကြိုး စ တွေ ထွက်နေတဲ့ အထုပ် တစ်ခုလို ဖြစ်နေတာ ပေါ့ဗျာ။ နောက်ပြီး ဗုံး အတု လုပ်ပြီး ထားခဲ့ တာမျိုး လည်း မဟုတ် ပါ ဘူး။ အခု ချိန်မှာ နေရာ တိုင်း ဗုံး ပေါက်ကွဲမှု တွေ ဖြစ်ပြီး ဗုံးတွေ တွေ့နေတော့ လူတိုင်း လိုလို စိုးရိမ် စိတ် တွေ များပြီး ဖြစ်သွား တာပါ။ ဒီလို သတင်းပေး အကြောင်း ကြား တာ ကိုလည်း ကျေးဇူး တင် ပါတယ်'' ဟု လမ်းမတော် မြို့မ ရဲစခန်း မှ တပ်ဖွဲ့ဝင် တစ်ဦး က ပြောကြား ခဲ့သည်။

                                                                                               မောင်မျိုး ( ဧရာဝတီ )



0 Comment Box:

Post a Comment


 

Comment Box

Followers