Monday, October 21, 2013

ဗုံးဖေါက်ခွဲမှုကိစ္စကို KNU အတွင်း စုံစမ်းစစ်ဆေးမှုလုပ်မယ်

Padoh Mahn Myein Maung - မန်းငြိမ်းမောင်
 ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီ ဖဒို မန်းငြိမ်းမောင် (Credit: ABC) 


မြန်မာနိုင်ငံအတွင်းက ​အဓိက ​မြို့ကြီးတွေမှာ ​ပြီးခဲ့တဲ့ ​ရက်ပိုင်းအတွင်း ​ဗုံးဖောက်ခွဲမှုတွေ၊ ​ဗုံးလန့်မှုတွေ ​ဖြစ်ပေါ်ခဲ့ပြီး ​ဒီဗုံးဖေါက်ခွဲမှုတွေဟာ ​ကရင်အမျိုးသား ​အစည်းအရုံး ​ကေအဲန်ယူနဲ့ ​ပတ်သက်မှု ​ရှိတယ်လို့ ​ဝေဖန်ပြောဆိုတာ ​တွေကြောင့် ​ကေအဲန်ယူ ​လက်နက်ကိုင်အဖွဲ့အစည်းအတွင်း ​မကြာမီ ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်မယ်လို့ ​ကေအဲန်ယူရဲ့ ​ဗဟိုကော်မတီဝင်တွေက ​ပြောဆိုလိုက်ပါတယ်။

ရန်ကုန်၊ ​မန္တလေး၊ ​စကိုင်းနဲ့ ​တောင်ငူ ​မြို့ဒေသတွေမှာဖြစ်ခဲ့တဲ့ ​ဗုံးပေါက်ကွဲတွေ့ရှိမှုတွေဟာ ​ကေအဲန်ယူနဲ့ ​တိုက်ရိုက် ​ဆက်ဆပ်မှုမရှိပေမယ့် ​ကေအဲန်ယူနဲ့ ​ပတ်သက်တဲ့ ​စီးပွားရေးအဖွဲ့တဖွဲ့နဲ့ ​ဆက်စပ်မှုရှိတယ်လို့ ​ရဲတပ်ဖွဲ့က ​သောကြာနေ့မှာ ​ပြုလုပ်ခဲ့တဲ့ ​သတင်းစာရှင်းလင်းပွဲအတွင်း ​ပြောလိုက်တာဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ဗုံးပေါက်ကွဲမှု ​ဗုံးလန့်မှုတွေဟာ ​မြန်မာနိုင်ငံက ​ခရီးသွားလုပ်ငန်းနဲ့ ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ​တွေကို ​အဓိကထား ​နှောက်ယှက်ချင်တာဖြစ်တယ်လို့ ​မြန်မာနိုင်ငံရဲချုပ် ​ဗိုလ်ချုပ် ​ဇော်ဝင်းက ​ပြောပါတယ်။
ဗုံးပေါက်ကွဲတွေ့ရှိမှုတွေနဲ့ ​ပတ်သက်ပြီးတော့ ​သံသယရှိသူ ​၈ဦးကိုဖမ်းဆီးရမိထားပြီးဖြစ်ပေမယ့် ​ဗုံးခွဲဖို့အတွက် ​အဓိက ​စီစဉ်သူကိုတော့ ​အခုချိန်ထိ ​မဖမ်းနိုင်သေးဘူးလို့ ​ဆိုပါတယ်။

ဖြစ်ပွားခဲ့တဲ့ ​ဗုံးဖေါက်ခွဲမှုတွေကြောင့် ​မကြာခင်မှာ ​ကျင်းပပြုလုပ်တော့မယ့် ​အရှေ့တောင်အာရှ ​အားကစားပြိုင်ပွဲ ​ဆီးဂိမ်းကို ​မထိခိုက်နိုင်ဘူးလို့တော့ ​ရဲချုပ် ​ကပြောပါတယ်။

ဒါပေမယ့် ​ဆီးဂိမ်းပြိုင်ပွဲမှာ ​လာရောက်ယှဉ်ပြိုင်မယ့် ​ဖိလိပိုင်နိုင်ငံကအားကစားသမားတွေအတွက် ​စိုးရိမ်စရာတွေဖြစ်နေတယ်လို့ ​ဖိလိပိုင်နိုင်ငံအားကစားကော်မရှင်အဖွဲ့ရဲ့အကြီးအကဲ ​Richie ​Garcia ​ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ​လာမယ့် ​ဒီဇင်ဘာလအတွင်း ​စတင်ကျင်းပမယ့် ​၂၇ကြိမ်မြောက် ​ဆီးဂိမ်းအားကစား ​ပြိုင်ပွဲအတွက် ​ဖိလိပိုင်နိုင်ငံအားကစားသမား ​အယောက် ​၂၀၀ ​ကျော် ​ပါဝင်ယှဉ်ပြိုင်ဖို့ရှိတယ်လို့ ​သိရပါတယ်။

ဗုံးဖေါက်ခွဲမှုကိစ္စကို ​ကေအဲန်ယူအတွင်း ​စုံစမ်းစစ်ဆေးမှုလုပ်မယ်
မြန်မာနိုင်ငံအတွင်းက ​အဓိက ​မြို့ကြီးတွေမှာ ​ပြီးခဲ့တဲ့ ​ရက်ပိုင်းအတွင်း ​ဗုံးဖောက်ခွဲမှုတွေ၊ ​ဗုံးလန့်မှုတွေ ​ဖြစ်ပေါ်ခဲ့ပြီး ​ဒီဗုံးဖေါက်ခွဲမှုတွေဟာ ​ကရင်အမျိုးသား ​အစည်းအရုံး ​ကေအဲန်ယူနဲ့ ​ပတ်သက်မှု ​ရှိတယ်လို့ ​ဝေဖန်ပြောဆိုတာ ​တွေကြောင့် ​ကေအဲန်ယူ ​လက်နက်ကိုင်အဖွဲ့အစည်းအတွင်း ​မကြာမီ ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်မယ်လို့ ​ကေအဲန်ယူရဲ့ ​ဗဟိုကော်မတီဝင်တွေက ​ပြောဆိုလိုက်ပါတယ်။
ဗုံးဖောက်ခွဲမှုတွေကြောင့် ​ဖမ်းဆီးအရေးယူခံထားရတဲ့ ​တရားခံတွေဟာ ​ကေအဲန်ယူ ​လက်နက်ကိုင်အဖွဲ့အစည်းက ​အရာရှိ ​တွေနဲ့ ​ဆက်နွယ်နေတယ်လို့ ​အစိုးရဘက်က ​ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ​ယခုလို ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်တာ ​ဖြစ်ပါတယ်။ ​စုံစမ်းစစ်ဆေးမှုလုပ်မယ့်အကြောင်းနဲ့ပတ်သက်ပြီးတော့ ​ကေအဲန်ယူရဲ့ ​ဗဟိုကော်မတီဝင် ​ဖဒိုမန်းငြိမ်းမောင်က ​ယခုလိုပြောပါတယ်။

“ကျွန်တော်တို့ ​အဓိကပြောချင်တာတော့ ​ဒါ ​ကေအဲန်ယူရဲ့ ​ပေါ်လစီမဟုတ်ဘူး။ ​ကေအဲန်ယူက ​ငြိမ်းချမ်းရေး ​တည်ဆောက်တဲ့ ​ကာလမှာ ​ဒီလိုကိစ္စတွေဟာ ​ငြိမ်းချမ်းရေးကို ​ဖျက်လိုဖျက်ဆီး ​လုပ်ချင်တဲ့ ​လူတွေရဲ့ ​လုပ်ရပ်ပဲဖြစ်တယ်။ ​ဒါကျွန်တော်တို့ ​ကေအဲန်ယူရဲ့ ​သဘောထား ​မဟုတ်ဘူး။ ​ကေအဲန်ယူ ​ဗဟိုရဲ့ ​သဘောထားလည်း ​မဟုတ်ဘူး။ ​အဲဒီအောက်ခြေက ​တစ်ကယ်လို့ ​လုပ်ရင်လည်း ​သူတို့ ​ခံစားချက်နဲ့ ​သူတို့လုပ်တာဖြစ်တယ်။ ​ဒီအပေါ်မှာတော့ ​ကျွန်တော်တို့က ​တရားနည်းလမ်းကျစွာ ​စုံစမ်း ​ဖော်ထုတ်ပြီးတော့ ​ကျွန်တော်တို့ ​ဆောင်ရွက်သွားမှာ ​ဖြစ်တယ်”

မကြာမီကာလအတွင်း ​စုံစမ်းစစ်ဆေးမှုတွေကို ​စတင်ဖို့ ​ရာထားပြီး ​ဖော်ထုတ် ​စစ်ဆေးတဲ့အခါမှာ ​အစိုးရနဲ့ ​ပူးပေါင်း ​လုပ်ဆောင် ​သွားမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ဗုံးဖောက်ခွဲတဲ့ ​ဖြစ်စဉ်တွေမှာလည်း ​ဘာသာရေး ​အဆောက်အအုံတွေကို ​အဓိကဦးတည်ပြီး ​လုပ်ဆောင်တာတွေ ​တွေ့ရတဲ့အတွက် ​ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်ထိခိုက်စေဖို့အပြင် ​ဘာသာရေး ​အထိကရုဏ်းပါ ​ဖြစ်ပွားစေဖို့ ​ရည်ရွယ်ထားတာ ​တွေ့ရတယ်လို့ ​ဖဒိုမန်းငြိမ်းမောင်က ​ဆက်ပြောပါတယ်။

အခုလို ​ဖြစ်ပွားခဲ့တာတွေကြောင့် ​နှစ်ဖက်ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်တွေ ​မထိခိုက်ဖို့လည်း ​ခေါင်းဆောင်ပိုင်းတွေ ​ညှိနှိုင်း ​သဘောတူထားတယ်လို့လည်း ​ဆိုပါတယ်။ ​တစ်ဆက်တည်းမှာပဲ ​ကေအဲန်ယူအနေနဲ့ ​လာမယ့် ​နိုဝင်ဘာလလောက်မှာ ​ကျင်းပမယ့် ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီမှုကိုလည်း ​လက်မှတ်ရေးထိုးသွားမှာ ​ဖြစ်ပြီး ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေ ​ပြုလုပ်ဖို့အတွက်လည်း ​ပြင်ဆင်နေတယ်လို့ ​သိရပါတယ်။ ​ဒီသတင်းကို ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

                                                                                    ABC Radio Australia


0 Comment Box:

Post a Comment


 

Comment Box

Followers