Thursday, October 3, 2013

နျူးကလီးယားကိစ္စ တားဆီးနိုင်ဖို့ ကန်နဲ့ တောင်ကိုးရီးယား သဘောတူလက်မှတ်ထိုး



မြောက်ကိုးရီးယားက ​နျူးကလီးယားလက်နက်အသုံးပြုမှုကို ​ကာကွယ်တားဆီးနိုင်ဖို့အတွက် ​အမေရိကန်နိုင်ငံနဲ့ ​တောင်ကိုးရီးယားတို့က ​သဘောတူညီမှု ​စာချုပ်သစ်တခု ​လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဖေဖော်ဝါရီလကတည်းကစပြီးတော့ ​မြောက်ကိုးရီးယားနိုင်ငံက ​နျူးကလီးယား ​ဒုံးကျဉ်လက်နက် ​သုံးစဉ်းကို ​စမ်းသပ် ​ပစ်လွတ်ခဲ့တဲ့အတွက် ​နျူးကလီးယား ​လက်နက် ​ခြိမ်းခြောက်မှုကိစ္စကို ​ကိုင်တွယ်နိုင်ဖို့အတွက် ​အခု ​သဘောတူညီချက်စာချုပ်သစ်က ​အစီအစဉ်တွေ ​ချမှတ်သွားမှာဖြစ်ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက ​နျူးကလီးယားနဲ့ ​ဓာတုလက်နက် ​ကိစ္စ ​နှစ်ခုဟာ ​အရေးကြီးဆုံး ​စိုးရိမ်းရတဲ့ကိစ္စတွေထဲက ​နှစ်ခုဖြစ်တဲ့အကြောင်းနဲ့ ​မြောက်ကိုးရီးယား ​နိုင်ငံက ​ဓာတုလက်နက်ထားရှိတဲ့ ​ကိစ္စဟာ ​လုံးဝကို ​လက်ခံနိုင်စရာမရှိတဲ့အကြောင်း ​အမေရိကန် ​ကာကွယ်ရေးဝန်ကြီး ​Chuck ​Hagel ​က ​ပြောလိုက်ပါတယ်။

ဒါပေမယ့် ​အီရန်နိုင်ငံက ​နျူးကလီးယား ​အစီအစဉ်နဲ့ပတ်သက်ပြီးတော့ ​အနောက်နိုင်ငံ ​အစိုးရတွေရဲ့ ​ရပ်တည်ချက် ​သဘောထားတွေဟာ ​ပျော့ပြောင်းလာနိုင်တယ်လို့ ​ဥရောပသမဂ္ဂ ​ထိပ်တန်း ​သံတမန် ​တစ်ဦးက ​ပြောလိုက်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ ​ပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆိုရင် ​အီရန်နိုင်ငံအနေနဲ့ ​နျူးကလီးယား ​လက်နက် ​တွေကို ​နိုင်ငံတွင်းမှာပဲ ​ငြိမ်းချမ်းစွာပြုလုပ်ဖို့ ​ခွင့်ပြုချက်ရကောင်းရနိုင်ဖွယ်ရှိတယ်လို့ ​ဒီနှစ် ​ဥရောပ ​သမဂ္ဂရဲ့ ​ဥက္ကဌနေရာကို ​ရရှိထားတဲ့ ​လက်သလီးနီးယား ​Lithuania ​နိုင်ငံရဲ့ ​နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ဒါပေမယ့် ​အစ္စရေး ​၀န်ကြီးချုပ် ​Benjamin ​Netanyahu ​ကတော့ ​အီရန်သမ္မတသစ် ​Hassan ​Rouhani ​ကို ​သိုးရေခြုံတဲ့ ​၀ံပလွေလို့ ​စွပ်စွဲပြောဆိုလိုက်သလို ​အီရန်နိုင်ငံရဲ့ ​နျူးကလီးယား ​အစီအစဉ်ကိုလည်း ​လုံးဝ ​ကန့်ကွက်ကြောင်း ​ကုလသမဂ္ဂ ​အထွေထွေညီလာခံမှာ ​မိန့်ခွန်းပြောကြားစဉ်အတွင်း ​ပြောဆိုလိုက်တာဖြစ်ပါတယ်။

                                                                                         ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers