Friday, October 18, 2013

မရောက်ဖူးတဲ့ အမေရိကားကို တစ်ယောက်တည်းသွားခဲ့တဲ့ ခွန်းဆင့်နေခြည်



အမေရိကားဖျော်ဖြေရေးခရီးကို ဇူလိုင်(၂၅) ရက်ကနေ စက်တင်ဘာ (၁၃) ရက်အထိ သွားခဲ့တဲ့ ခွန်းဆင့်နေခြည်က (၂) လကျော်ကြာခဲ့လို့လားမသိ၊ မျက်နှာကျနဲ့ Skin လည်း ပြောင်းသလိုပါပဲ။ ရေမြေတွေ ကွာသွားလို့ထင်ရဲ့လို့ပြောပြီး ရယ်နေသလို ခရီးသွားအတွေ့အကြုံကိုလည်း အခုလို ပြောပြပါတယ်။ “ ဒီပွဲကရတဲ့ အမြတ်အစွန်းကို နေပြည်တော်၊ ခေတ်အေးကျေးရွာက မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေပွဲ ဖြစ်ပါတယ်။ နယူးယောက်မှာ ရှိတဲ့ Myanmar Youth Association အဖွဲ့က စီစဉ်တဲ့ပွဲဖြစ်ပြီး မကြာခင် လာလှူမယ်လို့လည်း ပြောပါတယ်။ အလှူပွဲ ဖြစ်တဲ့အတွက် ခွန်းဆင့်တို့လည်း အနုပညာကြေးကို လျော့ယူပါတယ်။ မြန်မာပရိသတ်ရဲ့ တုံ့ပြန်မှုက အရမ်းနွေးထွေးတယ်။ ဆုကြေးက အနုပညာကြေး ထက်ပိုရတယ်။ နော်လီဇာ၊ ပုလဲဝင်း၊ နီတာနဲ့ ခွန်းဆင့်တို့ (၄) ယောက်ပါ။ ခွန်းဆင့် အမေရိကားကို သွားတဲ့အဖွဲ့နဲ့ အတူမသွားဖြစ်ဘူး။ ရန်ကုန်မှာ အလုပ်များနေလို့။ ဇူလိုင် ၂၅ မှ တစ်ခါမှ မရောက်ဖူးတဲ့ အမေရိကားကို တစ်ယောက်တည်း သွားခဲ့တာပါ။ ဒါပေမယ့် ကန်ထရိုက်လာကြိုပေးလို့ အဆင်ပြေပါတယ်။ ပြီးတော့ ခွန်းဆင့်က မကြာခင် ထွက်မယ့် “ စာလာလာမဖက်နဲ့” ဒီဗီဒီအတွက် ရောက်တဲ့ မြို့တိုင်းမှာ ဗီစီဒီရိုက်ခဲ့ပါတယ်။ ဟိုမှာရှိတဲ့ ပရော်ဖက်ရှင်နယ် မြန်မာဒါရိုက်တာနဲ့ အဖွဲ့တွေက ကူညီပေးကြတယ်” လို့ပြောပြခဲ့ပါတယ်။

                                                                                       Friday(Malay)
                                                                                       Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers