Saturday, October 12, 2013

ဘုရားဘဏ္ဍာငါ့ဟာမှတ်ပါလို့ဆိုတဲ့ ဂေါပကတွေများလာရင်


ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဂေါပကအဖွဲ့ဝင်များ သည် အကြောင်းအမျိုးမျိုးသော အရှုပ်အရှင်းများကြောင့်တိုင်တန်း မှုရှိနေသည့်အတွက် ဂေါပကများ ကို ရွေးချယ်ရာ၌ ပြည်သူလူထု မဲပေးစနစ်ဖြင့် ရွေးချယ်သွားရန် အတွက်ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ သည်။

ယင်းကဲ့သို့ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်ဆောင် ရွက်ရခြင်းမှာ ယနေ့ခေတ်ဘုရား ဂေါပကအများစုမှာ လက်သင့်ရာ ခန့်ထားခြင်းဖြစ်ပြီး ပြည်သူမှရွေး ချယ်တင်မြှောက်ထားသည့်ဂေါပက များ မရှိခြင်းကြောင့်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။

““ယနေ့ဘုရားဂေါပကတွေ သည် ဘုရားဘဏ္ဍာ င့ါဟာမှတ် ပါလို့ ဒီလိုဂေါပကတွေများလာ ရင် ဘာသာသာသနာသည် စဉ်း စားစရာတွေဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေကို ပြုလုပ်ရပါမယ်”” ဟု သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။

ဘုရားဂေါပကအဖွဲ့ဝင်များ ကို တိုင်တန်းမှုများအား စစ်ဆေး လျက်ရှိကြောင်း ပြည်ထောင်စု ၀န်ကြီးက ထပ်လောင်းပြောဆို သည်။

““ဒီလိုတိုင်းတန်းမှုများနဲ့ ပတ်သက်လို့ကျွန်တော်တို့သာသနာ ရေးဝန်ကြီးဌာနကရော စသုံးလုံး ကရော ဒီဟာတွေကိုစစ်ဆေးနေ တာပါပဲ။ ဒါပေမဲ့ စစ်လို့ကိုမကုန် နိုင်ပါဘူး။ ဘုရားဂေါပကတွေကို မှိုချိုးမျှစ်ချိုးပြောတာမဟုတ်ဘူး။ ဘုရားဂေါပကတွေကို တိုင်ထား တဲ့စာတွေက ကျွန်တော့်လက်နဲ့ တစ်တောင်လောက်ရှိတယ်”” ဟု ပြောသည်။

ဘုရားဂေါပကများပြန်လည် ရွေးချယ်ရန်အတွက် ပြဋ္ဌာန်းရန် စီစဉ်နေသောအဆိုပါဥပဒေတွင် အခန်း ၁၉ ခန်းနှင့် ဥပဒေပုဒ်မ ၁၀၈ ခုပါဝင်ကြောင်း သိရသည်။

ဖြိုးအောင်
HOT NEWS


 

0 Comment Box:

Post a Comment


 

Comment Box

Followers