Wednesday, October 16, 2013

တိုက်ပြေးသွားသော ကားနံပတ်ကို သိရှိနေသော်လည်း အမှုစစ်ရဲ နှင့် တရားလိုပြုလုပ်သူ ယာဉ်ထိန်းရဲတို့ အမှုကိုပေါ်ပေါက်အောင် မဆောင်ရွက် နိုင်သေး

  
photo by: google
 
2013 ခုနှစ် အောက်တိုဘာ (၁၂)ရက်နေ့ (၁၁)နာရီ (၅၀)မိနစ်အချိန်ခန့် တွင် မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း တောင်မှမြောက်သို့ အမည် မသိ အသက်(၅၀)နှစ်ခန့် အမျိုးသားတစ်ဦး မောင်းနှင်လာသော ၄ဂ/၂၅၈၆ နံပတ်ပါယာဉ်သည် အမည်မသိအမျိုးသားတစ်ဦးမောင်းနှင်လာ
သော ၃၁ယ/၁၀၂၀၁ ANBO 110 ဆိုင်ကိုတို့တိုက်မိရာမှ အသက်(၅၀)နှစ်
အမျိုးသားတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ကြောင်း အဆိုပါအမှုအား မုံရွာမြို့ ယာဉ်ထိန်းရဲ လ-၁၉၈၁၅၅ ဒုရဲအုပ်မြိုင်ဝင်း မှတရားလိုပြုလုပ်ပြီး မုံရွာမြို့ မြို့မရဲစခန်းမှ လ-၂၀၆၃၃၂ ဒုရဲအုပ် နိုင်ဝင်း တို့မှ အမှုစစ်အဖြစ်
ဆောင်ရွက်ပြီး မုံရွာမြို့ မြို့မရဲစခန်း၏ ယာဉ်(ပ) ၁၄၅/၁၃ ပုဒ်မ- ၃၀၄-က အရအမှုဖွင့်ထားရှိခဲ့ကြောင်းသိရသည်။

အဆိုပါအမှုတွင် သေဆုံးသွားခဲ့သူမှာ မုံရွာမြို့နယ် ဘုဘကျေးရွာနေသူ ကိုဖိုးပွား ဆိုသူဖြစ်ပြီး ၄င်းအား ဘုဘရွာသို့ ပြန်လည်သယ်ဆောင်သင်္ဂြိုလ် လိုက်ပြီးဖြစ်ကြောင်းလည်းသိရသည်
တိုက်ပြေးသွားသည့် ၄ဂ/၂၅၈၆ ကားကိုတော့ယနေ့အထိ ရှာဖွေတွေ့ရှိ ခြင်းမရှိသေးကြောင်း အဆိုပါကားမှာ GRAND TIGER အနက်ရောင် ဖြစ်နေကြောင်း အမှုစစ်ရဲအရာရှိအနေဖြင့် အဆိုပါကားအား သိသိနှင့် ငွေကြေးတစ်စုံတစ်ရာရယူထားရှိပြီး မတွေ့ချင်ရောင်ဆောင်နေ ခြင်းသာဖြစ်ကြောင်းလည်း မုံရွာမြို့ခံများက သုံသပ်ပြောဆိုလျှက်ရှိနေပါ သည်။

တိုက်ပြေးသည့် ကားအား ဖုံးကွယ်ပေးထားသူများထဲတွင် မုံရွာတောင်ရပ်ကွက် မှ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းပါရှိနိုင်ဖွယ်ရှိပြီး မုံရွာမြို့တွင် GRAND TIGER အနက်ရောင်ကားအမျိုးအစားမှာ များများ မရှိကြောင်း ရှာဖွေမည်ဆိုပါက အမြန်တွေ့ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့မှ အမှုစစ်များအေနဖြင့် ပြည်သူလူထုရဲ့အားကိုးယုံကြည်မှုကို အမှန်တစ် ကယ်ရရှိလိုပါက ယခုကဲ့သိုသော လူမဆန်သည့် အဂတိလိုက်စားမှု ချစားမှု အမှုမှန်အား ဖုံးကွယ်ပေးမှုတွေကို ရပ်တန်းကရပ်သင့်နေပါပြီလို့ မုံရွာမြို့ခံများအကြားပြောဆိုမှုများ ထွက်ပေါ်လျှက်ရှိနေပါသည်။
                                                                                                        ThanLarWaddy Times
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers