Tuesday, October 15, 2013

ကျေးရွာသားထံက တစ်သိန်းခွဲတောင်းပြီးလက်ခံရရှိကြောင်း လက်မှတ်ထိုးပေးတဲ့ အုပ်ချုပ်ရေးမှူး

 

တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့၊ ဂုံ ညှင်းတန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းရှင်က ဥက္ကံချောင်း၊ ၀ါးဖောင်ကူးတို့ ဆောင်ရွက်နေသူ ဦးဝင်းထိန်ပါ (၆)ဦးတို့ထံမှ ရုံးသုံးစရိတ်ကျပ် (၁၅၀၀၀၀) လာရောက်ပေး ဆောင်ရန်(၁၀.၈.၂၀၁၃)နေ့ ကအကြောင်းကြားခဲ့ကြောင်း ဦးဝင်းထိန်ထံမှသိရသည်။


ဖြစ်စဉ်မှာ ဥက္ကံအမှတ်(၁၃) သကြားစက်မှ လမ်းပန်းဆက် သွယ်ရေးလွယ်ကူစေရန်နှင့် ကြံရာ သီကြံများစက်ရုံပို့ရန် ဥက္ကံချောင်းကူးတံတား တည် ဆောက်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် မိုးရာသီတွင် တောင်ကျရေများ သောကြောင့် ဥက္ကံချောင်း ကူးတံတား ကျိုးပြီးပျက်ဆီး သွားခဲ့ကြောင်း၊ ယခုအခါတွင် ဥက္ကံသကြားစက်ဝန်ထမ်းများ ကျွန်းတောကုန်း၊ အထကဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရဟန်းသံဃာ များ၊ မကျန်းမာသောပုဂ်္ဂိုလ်များ၊ ခရီးသွားပြည်သူများသွားလာရေး ခက်ခဲမှု ကြုံနေရပါသဖြင့် ဂုံညှင်း တန်းကျေးရွာအုပ်စု၊ သရက်ပင် အိုင်ကျေးရွာမှ ညှိနှိုင်းကာ လမ်း ပန်းဆက်သွယ်ရေးလွယ်ကူစေရန် ဥက္ကံချောင်းကူး၊ ၀ါးဖောင်လေးပြု လုပ်၍ ခွန်အားသုံးကာ ပို့ဆောင် ပေးခဲ့ကြောင်း၊ ချောင်းရေများ သည့်အခါ ဖောင်ဆွဲရာတွင် အဆင်ပြေစေရန် ဥက္ကံသကြား စက်မှ စတီးကြိုးကိုချောင်းကမ်း နှစ်ဖက် တပ်ဆင်ပေးခဲ့ပါကြောင်း ရဟန်းသံဃာများ၊ သကြားစက် ၀န်ထမ်းများ၊ ဆရာ၊ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ လူ မမာများ၊ချောင်းတစ်ဖက်ကမ်း ကြံစိုက်ပျိုးလုပ်ကိုင်သူများကို အခမဲ့စေတနာနှင့် ပို့ဆောင်ပေး ခဲ့ကြောင်း၊ သက်ဆိုင်ရာတာ ၀န်ရှိသူများကလည်း ထောက်ခံ ထားပါကြောင်း၊ဈေးသွားဈေးပြန် နှင့်စီးပွားရေးကိစ္စ သွားလာသူ များကို လုပ်အားခအဖြစ်သင့်တင့် သောဈေးနှုန်းဖြင့် ပြေလည်စွာညှိ နှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း ချောင်းကူးဝါးဖောင်သည်ချောင်း တစ်ဖက်ကမ်းမှ သရက်ပင်အိုင် ရွာ၊ ကူးတို့ဆိပ်၊ ကျွဲဘုတ်၊ ကျောင်းစု၊ သံပုရာခုံ၊ လဟာမ ငယ်ကျေးရွာများနှင့် တစ်ဖက်ဂုံ ညှင်းတန်းကျေးရွာအုပ်စု၊ စမ်းရွာ အုပ်စု၊ အမှတ်(၁၃)ဥက်္ကံသကြား စက်၊ ကြံခင်းစိုက်ခင်းဧရိယာများ နှင့် ဆက်သွယ်ရေးလုပ်ငန်းတစ် ခုဖြစ်ကြောင်းသိရသည်။

ဂုံညှင်းတန်းကျေးရွာအုပ်ချုပ် ရေးမှူး ဦးထွန်းရှင်ကိုဖော်ပြပါ ကိစ္စနှင့်ပတ်သက်၍ ရှင်းပြသော် လည်း လက်မခံဘဲ““ငါတို့လူကြီး တွေဆုံးဖြတ်ထားတာ””ဟုပြောကာ ကျပ်တစ်သိန်းခွဲပေးရန် တောင်း ဆို၍ ဦးဝင်းထိန်မှ စိုက်ပျိုးစရိတ် ထုတ်ချေးငွေ ကျန်ငွေများထဲမှ ၇၅၀၀၀ ကိုပထမအရစ်ရုံးသုံး စရိတ် ပေးခဲ့ရကြောင်း၊ ငွေ လက်ခံရရှိကြောင်း၊ဖြတ်ပိုင်းလည်း  ရရှိခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ် ရေးမှူးကို မှန်ကန်စွာ တည့်မတ် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှ လည်း လစာနှင့်အသုံးစရိတ်များ ချထားပေးပါလျက် အများအကျိုး ဆောင်ရွက်ပြီး လမ်းပန်းဆက် သွယ်ရေးလွယ်ကူအောင် ဆောင် ရွက်ရာတွင် အုပ်ချုပ်ရေးမှူးတစ် ဦးအနေဖြင့် ကူညီပေးရမည့် အစား ကျွန်တော်တို့အဖွဲ့ကိုခြိမ်း ခြောက်ငွေတောင်းခံနေကြောင်း တာဝန်ရှိလူကြီးမင်းများသိရှိအောင် တင်ပြပေးရန် ဦးဝင်းထိန်က မီဒီ ယာသို့ပြောသည်။  



                                                                                               နိုင်ထွန်းလူ   
                                                                                               HOT NEWS



0 Comment Box:

Post a Comment


 

Comment Box

Followers