Monday, October 7, 2013

မြန်မာပြည်မှာ အခြေချ နေထိုင်တော့မယ့် မေဆွိ

 
တေးသံရှင် မေဆွိက စက်တင်ဘာလ ၁၉ရက်နေ့က မြန်မာပြည် ကို ပြန် လည်ရောက် ရှိလာပြီး အောက်တိုဘာလ ၁၁ ရက်နေ့ မှာတော့ မေခလာ နဲ့အတူ တွဲဖက် ပြီး Two Lady Show ကို အမျိုးသား ကဇာတ်ရုံမှာ ကျင်း ပပြုလုပ်တော့ မှာဖြစ်ပါတယ်။

မေခလာနဲ့ နှစ်ယောက်တွဲ အနေနဲ့ ပထမဆုံး ဆိုဖြစ်တဲ့ မေဆွိက "မဆွေက ပထမ တစ်ခေါက် "မောင်ယုံလား နှစ်ယောက် မရှိဘူးပွဲ ဆိုခဲ့တုန်း ကတည်း က ချစ်ငယ်(မေ ခလာ)က သူနဲ့လည်း တစ်ပွဲ ဆိုဖို့ စီစဉ် ထားတယ်။ ကြားထဲ မှာ နှစ်ယောက်လုံး လည်း မအားကြတာနဲ့ ခုပွင့်လင်း ရာသီ မှာလုပ်ဖြစ် တာပါ။ ချစ်ငယ်နဲ့ တစ်ခါမှ တော့ တွဲမဆိုဖူးဘူး။ ဒါပေမဲ့ ၉၇ လောက် က မဆွေ ၃၅နှစ်ပြည့် မွေးနေ့ MRTV မှာအစ်မ နဲ့လာပြီး ငယ်ငယ်က ကူဆိုပေး တယ်။ အဲဒီတုန်းကတော့ တေးသံရှင် တော်တော်များများ စိုးသူ တို့၊ အောင်ရင် တို့ ကအစ စုပေါင်း ဆိုဖြစ်ကြ တယ်။ ဒီပွဲမှာတော့ တစ်ယောက် ကို ၁၂ပုဒ် ကျော်ကျော်လောက် ဆိုမယ်။ ပြီးတော့ တခြား ဧည့်သည် အဆိုတော်တွေ လည်း ပါမယ်" လို့ မေဆွိ ကပြောပါ တယ်။

ပြည်ပမှာနေ ထိုင်ဖြစ် တဲ့ မြန်မာ အဆိုတော် တစ်ဦးအနေနဲ့ မြန်မာပြည် တွင်း မှာ ပြန်လည် လာရောက်ပြီး ဖျော်ဖြေပွဲတွေ သီဆိုရတဲ့ ခံစားချက် နဲ့ပတ်သက်ပြီး မေဆွိက

"သီချင်းဆိုတဲ့ ပါဖော့မန့် ပိုင်းမှာတော့ မတူ ဘူးပေါ့။ ပရိသတ် အများကြီး နဲ့ ဖျော်ဖြေရတာ တော့ မြန်မာပြည် မှာ ပိုများတာပေါ့။ အမေရိကမှာ တော့ ၃ဝဝ၊ ၄ဝဝ အများဆုံး ၅ဝဝလောက်ပေါ့ ။ ပုံစံ အမျိုးမျိုးပေါ့။ ဟိုမှာက ကျတော့ မင်္ဂလာဆောင် လိုမျိုး ကတစ်မျိုး၊ Charity Show တွေလိုက တစ်မျိုး၊ စတိတ်ရှိုးတွေ ကျတော့ တခြား အဆိုတော်တွေ လည်း ပါတဲ့အခါဆို ကိုယ့် Limit က ငါးပုဒ်၊ ခြောက်ပုဒ် အဲဒီလိုပေါ့။ ဒီလို အများကြီးနဲ့ အားပါးတရ နှစ်ယောက်တည်း ဆိုဖြစ်တာ ကတော့မြန် မာပြည် မှာပေါ့။ ဒါလေးတွေ ကတော့ မတူဘူးပေါ့။ အိုင်ဒီယာလေးတွေ စဉ်းစားရတာ ပေါ့။ ဒီလိုပွဲမျိုးမှာတော့ ပိုပြီး စဉ်းစားရတာပေါ့" လို့ မေဆွိ က ပြောပါတယ်။

ပြည်ပရောက် တိုင်းသိ ပြည်သိ မြန်မာ အဆိုတော် တစ်ဦး ရဲ့ခံစားချက်ကို လည်း မေဆွိက

"ရှင်းရှင်းပြောရရင် ဟိုမှာတော့ ပွဲသွားဆိုတဲ့ အချိန်မှာသာ မဆွေ ကိုမေဆွိ လို့သိကြတာပါ။ ပရော်ဖက်ရှင်နယ် အဆိုတော် တစ်ယောက် နာမည်ကြီးတဲ့ တစ်ယောက် အနေ နဲ့သိတာ မဟုတ်ဘူး။ ကိုယ်အလုပ်လုပ်တဲ့ ပတ်ဝန်းကျင် နဲ့ သီချင်း ဆိုတဲ့ ပတ်ဝန်းကျင်နဲ့ ခွဲထား လို့ရတယ်။ ပုံစံချင်း တော့ မတူ ဘူးပေါ့။ မြန်မာပြည် ပြန်လာတဲ့အခါ ကျရင် တော့ကိုယ် သီချင်းဆိုဆို၊ မဆိုဆို မေဆွိ ဆိုတာ ရှိတယ် လေ။ ဟိုမှာကတော့ အလုပ်လုပ်တဲ့ အချိန် ကလွဲပြီး ကျန်တဲ့ အချိန်မှာတော့ ပိုပြီး Freedom ဖြစ်တာပေါ့" လို့ ပြော တဲ့ မေဆွိက မြန်မာပြည်မှာ ပဲပြန်လည် အခြေချ နေထိုင်ဖို့ အစီအစဉ် ရှိပြီး စီးရီးခွေ လည်း လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

"ကျွန်မ အမျိုးသား အလုပ်ကလည်း ဒီမှာလုပ် နေတဲ့အတွက် ဒီမှာပဲနေဖြစ်ဖို့ များပါတယ်။ စီးရီး လုပ်ဖို့ကတော့ စဉ်းစားမိတယ်။ ဘယ်လို လုပ်ဖြစ် မယ်ဆို တာကတော့ မသိသေးဘူး။ အဟောင်းနဲ့ အသစ် မျှပြီးလုပ် ဖို့တော့ စဉ်းစားနေတယ်။ အချိန်တော့ ယူရမှာပေါ့" လို့ပြောတဲ့ မေဆွိက
သူ့သီချင်းတွေ ကို လူငယ် တွေပြန်ဆို တဲ့အခါ မှာရော ဆိုတဲ့ မေးခွန်း ကိုမေးတော့

"ကောင်းပါတယ်။ မဆွေ အနေနဲ့ ဘာမှတော့ပြောစရာ မရှိပါဘူး။ သီချင်းက လူတိုင်း ဆိုလို့ရပါတယ်။ တေးရေးဆရာ က ခွင့်ပြုလို့ ရှိရင် ဘာပဲဖြစ်ဖြစ် ရပါတယ်။ အဓိက တစ်ခုရှိတာက ပြန်ဆိုတဲ့ ကလေး အနေနဲ့ ကဒီသီချင်းကို အရင်က ဘယ်သူ ဆိုခဲ့တာ လဲ သိရင် တော်ပါပြီ" လို့ပြောတဲ့ မေဆွိ က အောက်တိုဘာ ၁၁ ရက်နေ့ည အမျိုးသားက ဇာတ်ရုံမှာကျင်းပ မယ့် ပွဲမှာတော့ အနုပညာ အားအရ မလျော့တဲ့ အားနဲ့ အကောင်းဆုံး တင်ဆက် သွားမယ် ဆိုတာကို လည်းပြောပြ ခဲ့ပါတယ်။
 

                                                                                                           ရဲရဲ
 

                                                                                                 Popular News


0 Comment Box:

Post a Comment


 

Comment Box

Followers