Saturday, October 19, 2013

မန္တလေး ရွှေကျီးမြင် ဘုရားဘေး အမှိုက်ပုံ ၌ ဗုံးလန့်မှု ဖြစ်ပွား

 

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ပြည်ကြီး ကျက်သရေ အနောက် ရပ်ကွက် တွင် ဗျောက်ေ ဖာက် ရာ မှ တစ်ဆင့် ဗုံးလန့်မှု တစ်ရပ် ဖြစ်ပွား ခဲ့ ကြောင်း သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်း တာဝန် ရှိသူများ ထံမှ သိရသည်။ အဆိုပါ နေရာ သို့ ရဲတပ်ဖွဲ့ဝင် များ အပါအ၀င် စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ( ၉၁၀ ) မှ မိုင်းရှင်း အဖွဲ့များ လည်း လာရောက် ၍ ရှင်းလင်း ရှာဖွေ ခဲ့ကြ သည်။

ပြည်ကြီး ကျက်သရေ အနောက် ရပ်ကွက် ၂၄ လမ်း ၊ ၈၂ x ၈၃ လမ်းကြား ရှိ ရွှေကျီးမြင် ဘုရားေ ဘး ရှိ ရေကန် အနီး အမှိုက်ပုံ တွင် အသက် ( ၂၅ ) နှစ်အရွယ် အမှိုက်ကောက် သည့် အမျိုးသမီး များ က ယင်းတို့ အမှိုက်ကောက် နေစဉ် အတွင်း အမှိုက်ပုံ အတွင်း မှ မီးတန်း နှင့် မီးခိုးများ ထွက် လာ ပြီး ကျယ်လောင် သည့် ပေါက်ကွဲ သံ ကြားခဲ့ရာ မှ ပတ်ဝန်းကျင် မှ လူများ သိရှိ ခဲ့ခြင်း ဖြစ် သည်။

“ ကျမ တို့က ဗုံးလို့ ပြောတာ မဟုတ် ဘူး ၊ အမှိုက်ပုံ ထဲ တုတ်နဲ့ ထိုးနေ တုန်း မီးရောင် ထွက်တာ နဲ့ မီးခိုး လုံး ထွက် လာတာ မြင်လိုက် တယ် ၊ ကျမ တို့ တင် မဟုတ်ဘူး ၊ ရေကန် မှာ ရေချိုး နေတဲ့ သူတွေ ပါ မြင်လိုက် ရတယ် ” ဟု အမှိုက် ကောက်နေ သည့် အမျိုးသမီး က ပြောသည်။

အဆိုပါ ဖြစ်စဉ် သည် ဗုံး မဟုတ် ပဲ ဗျောက်ဖောက် ခြင်းသာ ဖြစ်ပြီး ၊ ဗျောက်ဖောက် သည် ကို မြင်ေ တွ့ လိုက် ကြောင်း ရပ်ကွက် အတွင်း နေထိုင်သူ တစ်ဦး က ဆိုသည်။

                                                                                           မြစ်မခမီဒီယာ



0 Comment Box:

Post a Comment


 

Comment Box

Followers