Wednesday, October 2, 2013

ဆီးဂိမ်းပြိုင်ပွဲအတွက် ပါဝင်အားဖြည့်သည့် ဂီတ အစည်းအရုံး

 
ဆီးဂိမ်းပြိုင်ပွဲဝင်တေး သီချင်းများ ဖိတ်ခေါ်မှုကဏ္ဍတွင် အနယ်နယ်အရပ်ရပ်မှ ဂီတဝါသနာရှင်၊ ပညာရှင်များ အများအပြားကိုယ် ပိုင်မူ၊ကိုယ် ပိုင်ဟန်ဖြင့် အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ သီချင်းရွေးချယ်မှု စိစစ်မှုအပိုင်းတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ကလည်းတစ်တပ် တစ်အားပါဝင်ကူ ညီခဲ့ကြောင်း လည်းသိ ရ သည်။၂၇ ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ကြသည့် တေး သီချင်းများကိုရွေးချယ်ရမှု အပိုင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ဥက္ကဋ္ဌဦးတင်ဦးလေးက..

” ရွေးချယ်မှုနဲ့ပတ်သက်လို့ ပထမဆုံး သီချင်းအပုဒ်၃ဝဝ ကျော်ပေါ့နော်။ အဲဒီအထဲမှာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ကအကုန်လုံး ရွေးချယ်တဲ့ အထဲမှာတော့ မပါပါ ဘူး။ ပြင်ပက တချို့တချို့သော တေး ဂီတပညာရှင်တွေက သီချင်း အပုဒ်ရေ ၃ဝဝကျော်ကို ကနဦး ရွေးချယ်လိုက်ကြတယ်။ အဲဒီလို ရွေးချယ် ပြီးတဲ့အ ခါကျမှ ပဲ  မြန်မာနို င်ငံဂီတအစည်းအရုံး (ဗဟို)ကို အကူအညီတောင်းလာတဲ့အတွက် အဲဒီသီချင်း ၃ဝဝထဲကမှ သူတို့ ရွေးချယ်ပေးလိုက်တဲ့ သီချင်းအပုဒ် ၃ဝ ထဲက ၁ဝပုဒ် ကို ရွေးချယ်ပေးရ တယ်။ အဲဒီထဲကမှ နောက်ဆုံး မြန်မာတစ်ပြည်လုံးကို ဖြန့်ဝေ ပြီးတော့ဆန်ခါတင်ပေါ့။ Theme Song တစ်ပုဒ်နဲ့ နှစ်သိမ့်ဆု ၄ဆုရွေးချယ် လိုက်တယ်။ အဲဒါပြီးခဲ့ တဲ့တစ်ပတ်လောက်ကပဲ ပြီးသွားတာပါ” ဟု ပြောသည်။မကြာခင်မှာ ကျင်းပတော့မည့် ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်ပြီးလည်း ဦးတင်ဦးလေးက ” အန်ကယ်က အခုဆိုရင် သက်တမ်းတစ်နှစ်ပြည့်ပြီ ပေါ့။

သက်တမ်း ခုနစ်လ၊ရှစ်လ လောက်မှာအား/ကာ အဖွဲ့အစည်း ကနေပြီးတော့ဂီတအစည်းအရုံးကို အကူအညီပေးဖို့ တောင်းဆိုတာမျိုးတော့ ရှိခဲ့တယ်။ ဒါပေမဲ့ပြိုင်ပွဲက နီးနေပြီ။ ဆွေးနွေးညှိနှိုင်းတာလောက်ပဲ ရှိတယ်။ တကယ့် လက်တွေ့ကျတော့အကောင်အထည် မပေါ်သေးဘူး။ သူတို့ထပ်ပြီး ကမ်းလှမ်းလာမှအကူအညီ ပေးလို့ရမယ်။ ဒါပေမဲ့ အခုလာမယ့် ဆီးဂိမ်း ကို ပြည့် စုံ အောင်လုပ်နေတာတွေ တွေ့ရတယ်။ အချိန်လည်းသိပ်မ ကျန်တော့ဘူး။ အန်ကယ်တို့ ကတော့ဒီမြန်မာပြည်မှာ  ကျင်းပ ခွင့်ရတာကိုက ဝမ်းသာနေတာ။ အဓိကကတော့ ပြိုင်ပွဲလုပ်တယ်ဆိုတာ အနယ် နယ်အရပ်ရပ်က လူပေါင်းစုံတာ ပေါ့။အဲဒီမှာ စည်းကမ်းတွေ နဲ့အညီအားေ ပးကြ၊နောက် ကြိုးစားကြစေချင်တယ်။ ကြည့် ရှုအားပေးနိုင်ကြဖို့လည်း ဆန္ဒ ပြုလိုက်ပါတယ်” ဟုပြောသည်။

ဂီတအစည်းအရုံးအနေ ဖြင့် သီချင်းရွေးချယ်မှုအပိုင်းတွင် ပါဝင်မှုများရှိသလို၊ အစည်းအရုံးဝင်ဂီတသမားများ တစ်ဦးချင်းအလိုက်လည်း ဆီးဂိမ်းနှင့်ပတ်သက်သည့် အနု ပညာဆိုင်ရာ ကော်မတီများတွင် ပါဝင်ပတ်သက်ခဲ့ကြပြီး တတ်အားသရွေ့ဝိုင်းခဲ့ဝန်းခဲ့ကြသည်။ ဆီးဂိမ်းလှုံ့ဆော်ရေးအတွက် ” မိုးယံလွှင့်ပျံလက်ခုပ်သံ” ဟူသည့် သီချင်း ကို သီဆိုပေးထားသည့် ဂီတအစည်းအရုံး အတွင်းရေးမှူးဖြစ်သူ ဖြူဖြူကျော်သိန်းကလည်း..

Theme Song ရွေးတုန်းကတော့ ဂီတအစည်းအရုံးအနေနဲ့ပါဝင်ခဲ့တယ်။ တခြားဟာတော့မရှိဘူး။ ဒါပေမဲ့အစည်းအရုံးဝင်ဂီတသမားတွေအ နေနဲ့တော့တစ်ဦးစီတစ်ဦးစီ ဆိုရေးတီးစတဲ့ကဏ္ဍတွေမှာပါ ဝင်ပတ်သက်ကြတယ်။ ဖြူဖြူ့အနေနဲ့ဆိုလည်း လှုံ့ဆော်ရေး သီချင်းတစ်ပုဒ်ဆိုပေးထားတာ ရှိတယ်။ နောက်မှာလည်း ဆီးဂိမ်းအတွက် လိုအပ်ရင်လိုအပ် သလို၊ကူညီမှာပါ” ဟု ဖြူဖြူ ကျော်သိန်းကပြောပြီး ဆီးဂိမ်းပြိုင်ပွဲကြီးသို့ရောက်လျှင်လည်း အားကစားသမားများအနေဖြင့်အနိုင်အရှုံးထက်အားကစား စိတ်ဓာတ်ဖြင့်သာယှဉ်ပြိုင်အနိုင်ယူကြစေလိုကြောင်း လည်းပြောသည်။ ပရိသတ်များ အနေဖြင့်လည်းယခုကဲ့သို့ ကမ္ဘာအဆင့်မီပွဲကြီးမျိုးတွင် အိမ်ရှင်ပီပီသန့်ရှင်းယဉ်ကျေး စွာအားပေးကြစေလိုကြောင်း လည်း ဖြူဖြူကျော်သိန်းကထပ် လောင်းပြောသည်။ ရက်ပေါင်း ၇ဝနီးပါးသာလိုတော့သည့် ဆီးဂိမ်းအားကစားပွဲတော်ကြီး အတွက် အိမ် ရှင် မြန်မာနိုင် ငံသားများအနေဖြင့်ပျော်ရွှင် ကြည်နူးတက်ကြွမှုများဖြင့် မိမိတတ်စွမ်းရာကဏ္ဍကိုယ်စီ မှပါဝင်အား ဖြည့်နေကြသည် မှာအားရှိစဖွယ် ပင် ဖြစ် သည်။

                                                                                               ရဲရဲ၊အမ်ဘွယ်
                                                                                               Popular News 




0 Comment Box:

Post a Comment


 

Comment Box

Followers