Monday, October 21, 2013

ဓာတ်ခဲအပူလွန်ကဲရာမှ မော်လမြိုင် မွေ့ရာဆိုင်တစ်ဆိုင် မီးလောင်ကျွမ်း



အောက်တိုဘာ(၂၁)ရက် နံနက် ၉နာရီ ၁၅ မိနစ်က မော်လမြိုင်မြို့ ရွှေတောင်ရပ်အောက်လမ်းမကြီးရှိ  မွေ့ရာဆိုင် တစ်ဆိုင်၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အခြားအိမ်များသို့ကူးစက်နိုင်မည့်အခြေအနေမှ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရှိ ရသည်။

အဆိုပါမီးလောင်မှုမှာ မီးအလွန်ကြီးမားသောကြောင့် ဘေးအိမ်များသို့ ကူးစက်မည့်အခြေအနေရှိသော်လည်း မွန်းတည့်(၁၂း၀၀)နာရီ ၀န်းကျင်က လောင်ကျွမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း မီးလောင်ရာ၌ ၀ိုင်းဝန်းငြှိမ်းသတ်သူအချို့ ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ နေရာသို့ မော်လမြိုင်မြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်တို့မှ ပရဟိတအဖွဲ့များ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ လာရောက်ကူညီခဲ့ကြောင်းသိရသည်။

 ၉ နာရီကျော်လောက်က စလောင်တယ် ထင်တယ် မီးခိုးတွေ ထွက်လာပြီး အိမ်ထဲက လူတွေ ပြေးထွက်လာတယ်။ မီးက တော်တော့်ကို ကြီးပါတယ်။ လူတွေအနားကို ကပ်လို့မရဘူး ဘေးအိမ်ကိုလည်း မီးက လှမ်းပြီးကူးတာတွေ ရှိတယ်။ ဒါပေမဲ့ မီးသတ်ဌာနက လူတွေအပါအ၀င် ပရဟိတအဖွဲ့တွေနဲ့ အခြားပြည်သူတွေ ၀ိုင်းဝန်းကူညီကြလို့ မီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ၉နာရီကျော်လောက်က စလောင်တာ ၁၂ နာရီကျော်လောက်မှ မီးငြိမ်းသွားခဲ့တယ်။ ဘေးအိမ်တွေကို မကူးနိုင်ခဲ့တာက တော်ပါ သေးတယ်။ ဘေးအိမ်တွေကို ကူးလို့ကတော့ အတန်းလိုက်ကုန်ဖို့ပဲရှိတယ်ဟု ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စတင်လောင်ကျွမ်းပုံနှင့် ဆုံးရှုံးမှုတန်ဖိုးကို ဒေသခံများက အမျိုးမျိုး ပြောနေကြသော်လည်း စတိုခန်းအတွင်းရှိ ကလေးကစားစရာအရုပ်အတွင်းရှိ ဓာတ်ခဲ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ငွေမှာ ကျပ် ၆၇ သိန်း(၅)သောင်းဖြစ်ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

 “ကျွန်တော်တို့အရင် မီးဘေးကာကွယ်ရေး စီမံချက်တွေတုန်းကတည်းက သံလွင်မြစ်ကနေပြီး ပိုက်တွေ သွယ်ထားတာ ရှိခဲ့တယ်။ အဓိက ရေးများများရခဲ့တယ်၊ ဒါကြောင့် နိုင်တာ၊ ရေအား၊ လူအား အရမ်းများခဲ့တဲ့ အတွက် မီးငြိမ်းနိုင်ခဲ့ပါတယ်။ဟု မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်က ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအတွက် အိမ်ရှင် ဒေါ်စန်းစန်းစိုးအား မော်လမြိုင်မြို့မရဲစခန်းမှ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန မှသိရသည်။

                                                                                    Myitmakha Media Group 



1 Comment Box:

Golden Peafowl said...

ပေါ့ဆမီးပြဲဖစ်ဖြစ် ၀ါယာလျှော့မီးပဲ ဖြစ်စြဖ် ဘယ်သူဘယ်ဝါကြောင့်ပဲလောင်လောင် တနှစ်က ဈေးတွေ လောင်ခဲ့ပြီ။ အခု နေရာအနှံ့ လောင်နေပြန်ပြီနော်။ သတိထားကြ။ ဘုရား ရှစ်ခိုးကြ။ ဘေးကင်းကြပါစေ။ ရှာသမျှ အကျိုးရှိကြပါစေ။

Post a Comment


 

Comment Box

Followers