Thursday, October 10, 2013

Miss Universe Myanmar 2013 မိုးစက်ဝိုင် အား ဆန္ဒပြမည်

http://2.bp.blogspot.com/-KoYn-MTFkxA/UlZ3K2-MykI/AAAAAAAAAkg/vVnGC8GhhEg/s640/1382912_431870746922974_1731286225_n.jpgယနေ့ညနေ ၅ နာရီခန့်တွင် မြို့တော်ခန်းမရှေ့မှာ Miss Universe Myanmar 2013 မိုးစက်ဝိုင် အား ဆန္ဒပြမည်ဟူသည့် သတင်းများကြောင့် သတင်းယူရန်အတွက် သတင်းထောက်များစောင့်ဆိုင်းနေစဉ် (ဓါတ်ပုံ- Htin Aung Kyaw) 

ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းပမည့် Miss Universe 2013 တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်မည် မိုးစက်ဝိုင် သည် မြန်မာစစ်စစ်မဟုတ်ဘဲ တရုတ်မဟူ၍ လည်းကောင်း ၊ တက္ကသိုလ်များဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် Miss တစ်ယောက်အနေဖြင့် ဆုဖလား ကိုင်၍ ဖွင့်ပွဲတက် ရောက်လာရာတွင် မြန်မာနိုင်ငံတွင် တစ်စီးထဲသာရှိသော ပြိုင်ကားကို စီးပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေး  တက္ကသိုလ်များဖလား ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေး ဥက္ကဌ နေရွှေးသွေးအောင်နဲ့ အတူ တက်ရောက်သည် ဟူသည့် သတင်းများကြောင့် ယနေ့ညနေ ၅ နာရီခန့်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မိုးစက်ဝိုင်အား ဆန္ဒပြကြမည်ဟူ၍ သတင်းများထွက်ပေါ်လျက် ရှိသောကြောင့်  သတင်းယူရန်အတွက် သတင်းထောက်များ ပန်းခြံအတွင်းကြိုတင်စောင့်ဆိုင်းနေကြပြီဟု သိရှိရပါသည်။ 

                                                                                                      MUMC


 

2 Comment Box:

Sai Thu Ya said...

ပြောချင်တာပြောမော ပြချင်ရာပြမရ
ပြေးနိုင်ရင်ပြေးအဝေး

Zayar Moe said...

ကန့်ကွက်ပါတယ်.... သူနဲ့အတူလာတာမဟုတ်ပါဘူး...... သူ့ဟာသူ အိမ်က ကားနဲ့မိသားစုနဲ့ လာတာပါ... အစအဆုံး ကွင်းထဲမှာ ကျနော်ရှိနေပါတယ်... ကွင်းထဲရောက်မှ ကွင်းကို ကားနဲ့ပတ်မောင်းပြီး ကားပေါ်က ဆင်းတာပါ.... အတူလာတာမဟုတ်ပါဘူး....

Post a Comment


 

Comment Box

Followers