Saturday, October 26, 2013

ဖွဲ့စည်းပုံနဲ့ပတ်သက်ရင်ပြင်ဆင်ရေးကိုပဲ စိတ်ဝင်စားပါတယ်ဟုဦးမိုးသီးဇွန်ပြော



ဖွဲ့စည်းပုံနှင့်ပတ်သက်ရင်ပြင်ဆင်ရေး ကိုသာစိတ်ဝင်စားကြောင်း ဦးမိုးသီးဇွန်က ပြောသည်။ ယခင်လူ့ ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်းဖြစ်သူဦးမိုးသီးဇွန်က ““ကျွန် တော်အနေနဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ဆို တာတစ်ပြည်လုံးကသိနေကြပြီဖြစ်တယ်၊ ဒီမိုကရေ စီအင်အားစုတွေက စုစုစည်း စည်းမတင်ပြကြတဲ့အတွက်ပါတီအဖွဲ့စည်း တွေက ဦးဆောင်မကြိုးပမ်းတဲ့အတွက်၊ ရေမျောကမ်းတင်ဖြစ်နေရတယ်၊ အစိုးရ ကလည်အကြိုက်ဖြစ်နေတယ်၊ကျွန်တော် အမြင်ရတစ်ဆင့်ခြင်း တစ်ဆင့်ခြင်း ပြင်ဖို့ လိုအပ်ပါတယ်၊ ပြင်မယ်ဆို ရင်အဓိက ကျတဲ့ အချက်တွေကို ပြင်ဆင်နိုင်ဖို့ ဆွေး နွေးရမှာဖြစ်တယ်၊ ဥပမာဆိုရရင် တိုင်း ရင်းသားကိစ္စ၊ သံယံဇာတ ခွဲဝေမှုကိစ္စ၊ ရွေးကောက်ပွဲဝင်ခွင့်တွေပါမယ်။ အစရှိ သဖြင့်အချက်တွေကို ပြောရမှာဖြစ်တယ်၊ အသေးလေးတွေလျှောက်လိုက်နေရမယ့် အချိန်မဟုတ်ဘူး။ အဓိကကျတဲ့အချက် တွေကိုပြော ဖို့လိုအပ်တယ်။ အခုအခြေ အနေ ကအစိုးရကိုရော၊ ပါလီမန်ကိုရော ကျွန်တော်တို့ဘက်က ကမ်းလှမ်းနေရ တယ်။တစ်ယောက်တစ် ပေါက်လိုဖြစ်နေ တယ်။ ဒီကြားထဲမှာ မခက်တာကိုခက် အောင်လုပ်နေကြတယ်၊ ပြင်မယ်ဖျက် မယ်ဆိုပြီးတော့ ပြောနေကြပေမဲ့ ကျွန် တော် အမြင်ပြောရရင် အသစ်ပြန်လည် ရေးဆွဲရေးဆိုတာ အများဆန္ဒပါ။ ကျွန် တော်ကလည်း  ပြင်ဖို့ကိစ္စကိုပဲပြောချင် ပါတယ်”” ဟုပြောသည်။

လက်ရှိတွင်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်ရေးအတွက် ပါတီများ၊ နိုင်ငံရေး စိတ်ပါဝင်စားသူများက ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြပြီး လူ့ဘောင် သစ်ငွေရတုအခမ်းအနားတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည်အကြီးမားဆုံးစိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်းကိုမိုးသီးဇွန်က ထည့် သွင်းပြောကြားခဲ့ကြောင်းသိရသည်။
              
                                                                                                          မျိုးကျော်
                                                                                                         HOT NEWS


 

0 Comment Box:

Post a Comment


 

Comment Box

Followers