Monday, October 21, 2013

မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ကလေးတွေ ထိုင်းမှာမြန်မာသင်ရိုးအတိုင်း စာသင်ခွင့်ရ

 
ထိုင်းမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေကို မြန်မာပြည်က သင်ရိုးညွှန်းတမ်းအတိုင်း စာသင်ကျောင်းဖွင့်လှစ်သင်ကြားနေတယ်လို့ သိရတယ်။

'ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကမှပဲ စပြီးတော့ဖွင့်တာ။ ကျွန်တော်တို့မြန်မာသင်ရိုးအတိုင်းသင်တာပါ။ သင့်မယ့် ဆရာ၊ ဆရာမတွေကိုလဲ ထိုင်းမှာရောက်နေတဲ့ မြန်မာပြည်က ကျောင်းဆရာ၊ ဆရာမ အဟောင်းတွေကိုပဲ စုစည်းပြီးတော့ မြန်မာပြည်က သင်ရိုးအတိုင်း နည်းစနစ်အတိုင်း စာသင်ကျောင်း ဖွင့်ထားတယ်’ လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှတာဝန်ရှိသူ ကိုစိန်ဌေးက ပြောတယ်။
ကျောင်းဖွင့်ဖို့ ထိုင်းအာဏာပိုင်အဖွဲ့အစည်းနဲ့ မြန်မာသံရုံးအလုပ်သမား သံအရာရှိတွေရဲ့ ပံ့ပိုးကူညီမှု တွေလည်း ရှိတယ်လို့သိရတယ်။ လက်ရှိမှာမြန်မာကလေးငယ် ၁၃၀ ကျော်လောက် ပညာသင်ယူ နေတယ်လို့ သိရတယ်။

'ကလေးအရွယ်ရောက်လို့ မြန်မာပြည်ပြန်လာကြပြီဆိုရင် ဒီမှာသူငယ်တန်းကနေ ပြန်သင်ရသလိုဖြစ် နေတယ်။ 
ဥပမာထိုင်းကျောင်းမှာ လေးတန်းလောက်တက်လာခဲ့ရင် ဒီမှာငါးတန်းကို သွားတက်လို့မရ ဘူး။ သူကမြန်မာစာမှ မတတ်တာ၊ တတ်ရင်လဲ မြန်မာပြည်က လေးတန်း၊ ငါးတန်းကလေးလောက် မရတဲ့အခါကျတော့ အဲဒီမှာအခက်အခဲဖြစ်တာပေါ့' လို့ MWRN မှတာဝန်ရှိသူ ကိုစိန်ဌေးက ပြောပါ တယ်။

                                                                                        မော်ဒန်သတင်းဂျာနယ်

0 Comment Box:

Post a Comment


 

Comment Box

Followers