Saturday, October 26, 2013

ငယ်ငယ်ကတည်းက ပန်းချီဆွဲခဲ့တဲ့ မိုးယုစံ



ဇာတ်ကားတွေကို နောက်ပိုင်းမှာ ဖန်စီအမြူးလေးတွေ ပိုရိုက်ဖြစ်လာတယ်လို့ ပြောပြတဲ့ မိုးယုစံက ပရိသတ်တွေကလည်း ဖန်စီလေးတွေ ပိုကြိုက်တယ်လို့ ဆိုပါတယ်။ မိုးယုစံကို ဇာတ်ကားတွေ ၇ိုက်ကူးရာမှာ ကိုယ်တိုင်မိတ်ကပ် လိမ်းခြယ်ဖြစ်တာကိုလည်း တွေ့ရပါတယ်။ အခြေခံအရ ငယ်ငယ်ကတည်းက ပန်းချီဝါသနာပါခဲ့ရင်း မိတ်ကပ်လိမ်းတာကိုပါ အခုဝါသနာဖြစ်ခဲ့တာ ဆိုတဲ့ မိုးယုစံက

“ အနုပညာအလုပ်တွေ စလုပ်တုန်းက မိတ်ကပ်အကြောင်း ဘာမှ မသိဘူး။ ကိုယ်နဲ့ လိုက်မှန်းမသိ၊ မလိုက်မှန်း မသိပေါ့။ ရုပ်ကြီးက လူကြီးပုံတွေဖြစ်၊ တစ်ခါတစ်လေ မိတ်ကပ်ဆရာတွေ မလာတာဖြစ်ဖြစ်၊ အကြောင်း တစ်ခုခုကြောင့် နောက်ကျတာတွေဆို သူတို့ပြင်ထားတာ ကြည့်ပြီး လုပ်တက်သွားတာ။ အစကတော့ အခက်အခဲလေးတွေ ရှိတာပေါ့။ အခုချိန်မှာ အစလုပ်တုန်းက ပုံတွေကို ပြန်ကြည့်ရင် အရမ်းစိတ်ညစ်တာ။ အနုပညာကို စလုပ်တဲ့ သူတိုင်း ၊ မင်းသမီးတိုင်း၊ မော်ဒယ်လ်တိုင်းပါပဲ။ စလုပ်တဲ့ အချိန်မှာ မိတ်ကပ်က အသားမကျသေးဘူးပေါ့။ ကိုယ် ကိုယ်တိုင်ပြင်တက်သွားတော့ ကိုယ့်အကြိုက်၊ ကိုယ့်ပုံစံကို ကိုယ်ပဲ သိတာလေ။ ပြီးတော့ မိုးယုက ပန်းချီဆွဲတာ ၀ါသနာပါတယ်။ ကားရိုက်မှာ ပန်းချီဆွဲဖို့ လိုတယ်ဆို ကိုယ့်ဘာသာပဲ ဆွဲဖြစ်တယ်။ ငယ်ငယ်တည်းက ပန်းချီဆွဲတာ ၀ါသနာပါတာ နံပါတ်တစ်ပဲ။ ပန်းချီသင်တန်း ပို့ပေးဖို့ အိမ်ကိုပြောတာ။  အားရင် ပုံဆွဲတာပဲ။ ကျောင်းမှာ ၈ တန်းတုန်းကဆို မှတ်မှတ်ရရပဲ။ မဟော်သဓာရဲ့ သရုပ်ဖော်ပုံတွေ ဆွဲပြီး ကပ်ထားရတာ။ နောက်ပိုင်း ပန်းချီမဆွဲဖြစ်တော့ဘူး။ မိတ်ကပ်က ပန်းချီလိုပဲ အခြေခံဆိုတော့ မိတ်ကပ်ပြင်ရတာ ၀ါသနာပါပြီး ကိုယ်တိုင် လုပ်ဖြစ်သွားတာ။ ပန်းချီက စိတ်ထွက်ပေါက် တစ်ခုလည်း ဖြစ်တယ်” လို့ပြောပြခဲ့တယ်။၏

                                                                                     Friday(Malay)
                                                                                    Myanmar Daily News


 

0 Comment Box:

Post a Comment


 

Comment Box

Followers