Sunday, October 13, 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ လူထုစည်းဝေးပွဲဆင့်ခေါ် ပြီ

 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စအတွက်လူထုသာလျှင် အဓိကကျကြောင်း၊ ပြည်သူလူထု နှင့်အစိုးရကြားတွင်ချုပ်ဆိုထားသော ပဋိဉဉ်စာချုပ်ဖြစ်သည့်အတွက်၊ ပြည်သူ့ဆန္ဒသာအရေးပါဆုံးဖြစ် ကြောင်း၊ ဆရာဖေမြင့်၊ ဆရာ နေ၀င်းစံ၊ ကိုမျိုးရန်နောင်သိမ်း၊ ကိုထွန်းလင်းဦး၊ မစူစန္ဒာလှလှစိုး တို့ဦးဆောင်ဆွေးနွေးသည့်အရပ် ဖက်လူ့အဖွဲ့အစည်းများအစည်း အဝေးမှတညီတညွတ်တည်းဆုံး ဖြတ်၍ အောက်တိုဘာ ၁၇ရက် နေ့တွင် ရွှေဂုံတိုင်တော်ဝင်နှင်းဆီ ခန်းမ၌ လူထုစည်းဝေးပွဲတစ်ရပ် ခေါ်ယူအတည်ပြုသွားရန်ဆုံးဖြတ် လိုက်ကြကြောင်းသိရသည်။


အောက်တိုဘာ ၁၂ရက်နေ့ က လှည်းတန်းရပ်ကွက်စံရိပ်ငြိမ်လမ်းရှိအမျိုးသမီးရေးရာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ရုံး၌ပြုလုပ်သောအဆိုပါအစည်း အဝေးတွင်ဆရာဖေမြင့်က “၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ အသစ်ရေးဖို့ဆိုတာ လူထုကိစ္စ ဖြစ်ပါတယ်။ လူထုကဒီဖွဲ့စည်းပုံ ဟာကောင်းဘူးလားဆိုတာကောင်း ကောင်းနားလည်ပါတယ်။ ဒီဖွဲ့ စည်းပုံကိုလူထုကစိတ်မ၀င်စားဘူး လို့ပြောဆိုနေတဲ့သူတွေဟာလူထုကို အထင်သေးတာပါပဲ လူထုထဲမှာ အချိန်မရွေးသမ္မတတက်လုပ်ပေးပါ ဆိုရင်လုပ်ပေးနိုင်တဲ့သူတောင်ရှိ ပါတယ်”” ဟုပြောကြားပြီးနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ““ဒီနေ့အရှိ တရားအရရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းဟာဖွဲ့စည်းပုံ ပြဿနာပါပဲ။ NLDကလည်း လူထုသဘောထားကောက်ယူနေ ပါပြီ၊ အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်အစစ်ဟာပြည်သူဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ CSO တွေမှာလည်းတာဝန်ရှိပါတယ်။ ၁၇ ရက်နေ့ကျင်းပမယ့်လူထုစည်း ဝေးပွဲပြီးရင်တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ကွန်ရက်ကြီးတစ်ခုဖြစ် သွားနိုင်ပါတယ်။ ဒီအတွက်အခု ရောက်ရှိနေတဲ့အဖွဲ့ ၃၀ ကျော်က အစပြုဆွေးနွေးပြီးလူထုအစည်း အဝေးပွဲတွေ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာကျင်းပသွားရမှာ ဖြစ်ပါတယ်”” ဟုဆိုသည်။

အဆိုပါလူထုအစည်းအဝေး များမှရရှိလာမည့်ရလဒ်များကို နိုဝင်ဘာ ၂၅ ရက်မတိုင်ခင်လွှတ် တော်များသို့တင်သွင်းသွားမည် ဖြစ်ကြောင်း၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲထား ခြင်းသည်စနစ်တကျဆုတ်နေခြင်း ဟုထင်မြင်သည့်အတွက်အချက်ကိုအမြစ်ပါမကျန်လှန်မည် ဆိုလျှင် ဦးနှောက်ကြီးကြီးဖြင့် စဉ်းစားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသောအရပ်ဘက် လူ့အဖွဲ့အစည်းများကဆွေးနွေး ခဲ့ကြသည်။

တော်ဝင်နှင်းဆီခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည်နာရီတွင်ကျင်းပမည့် လူထုအစည်းအဝေးကြီးအားဗီဒီယို မှတ်တမ်းခွေများထုတ်၍မြို့ရွာ အနှံ့ဖြန့်ဝေသွားပြီး၊ပြည်သူ့သဘော ထားများကောက်ခံသွားမည်ဟု အဆိုပါအစည်းအဝေးမှဆုံးဖြတ် ခဲ့ပြီးအရပ်ဘက်လူ့အဖွဲ့အစည်း ၃၀ ကျော်ပါဝင်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန် ရက်တစ်ခုကိုဖွဲ့စည်းခဲ့လိုက်ကြသည်။
၎င်းကွန်ရက်သို့ထပ်မံပူး ပေါင်းမည့်အဖွဲ့အစည်းများကိုလည်း ဆက်လက်ဖိတ်ခေါ်၍ပြည်သူ့ ဆန္ဒနှင့်ညီသောဖွဲ့စည်းပုံပြင်ဆင် ရေးသဘောထားများကိုလွှတ်တော် သို့ တင်သွင်းနိုင်ရန်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းသိရသည်။

                                                                                        HOT NEWS JOURNAL




 

0 Comment Box:

Post a Comment


 

Comment Box

Followers