Monday, October 14, 2013

ပြည်သူကို အာဏာအပ်လျှင် ဒီမိုဖွဲ့စည်းပုံဖြစ်မယ် ၊ မအပ်လျှင်မဖြစ်

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြည်သူများ၏ လုပ် ပိုင်ခွင့်များလျော့နည်းနေပြီး တပ် မတော်၏ ပါဝင်မှုအခန်းကဏ္ဍမှာ များပြားနေသဖြင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရေးဆွဲခဲ့သော ပြည်သူ့ဆန္ဒ အပြည့်အ၀ပါဝင်သည့် ၁၉၄၇ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကဲ့ သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခု လိုအပ်နေကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဗဟိုကော်မတီအဖွဲ့ ၀င် ဦးကိုနီက ပြောကြားခဲ့သည်။

နိုင်ငံတော် အချုပ်အခြာ အာဏာသုံးရပ်၏ ပိုင်ရှင်အစစ် အမှန်မှာပြည်သူဖြစ်ပြီး နိုင်ငံတော် အာဏာအား လူထုကိုအပ်လျှင် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်၍ နိုင်ငံတော်အာဏာအား လူထုကို မအပ်လျှင် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ် ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။

စစ်မှန်သော ဒီမိုကရေစီ ဖွဲ့ စည်းပုံအခြေခံဥပဒေတစ်ခုပေါ် ပေါက်လာရန်အတွက်ပြည်သူများ ၏ တွန်းအားများလည်းများစွာ လိုအပ်နေပြီး အခြေခံဥပဒေ ပြင် ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲ ရေးအတွက် ပြည်သူ့ဆန္ဒ ကောက် ယူခြင်းလည်း ပြုလုပ်လျက်ရှိ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ သိရ သည်။

““ကျွန်တော်ဒီဟောပြောပွဲကို လာခဲ့တာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းကို စိတ်ဝင်စားလို့ပါ။ အရင်တုန်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နားလည်း မလည်ပါဘူး။ စိတ်လည်းမ၀င်စား ပါဘူး။ အခုနောက်ပိုင်းမှာ လူထု ကြားထဲမှာ အပြောများလာလို့ ကျွန်တော်စိတ်ဝင်စားလာတာပါ။ အခုဒီကဆရာကြီးတွေဟောပြော ဆွေးနွေးတာကိုကြားရတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ ဘာ လဲဆိုတာကို နားလည်လာပါ တယ်””ဟု အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူ ပြည်သူတစ် ဦးက ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးနှင့် စပ်လျဉ်း၍ ၂၀၀၈ ခုနှစ် မေလအတွင်းတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးကျင်းပ ခဲ့ပြီးဆန္ဒမဲပေးခွင့်ရှိသူ၂၇၂၈၈၈၂၇ ဦးအနက် ၉၈.၁၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး ၉၂.၄၈ ရာခိုင်နှုန်း ကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကိုထောက်ခံသောကြောင့်၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည် ပြုပြဋ္ဌာန်းလိုက်ကြောင်းသိရသည်။

                                                                               HOT NEWS



0 Comment Box:

Post a Comment


 

Comment Box

Followers