Thursday, October 17, 2013

ပျဉ်းမနားမြို့မဈေးတွင် ဗုံးတွေ့ရှိခြင်းမဟုတ်ဘဲ ကတ်ထူပုံး တစ်လုံးသာဖြစ်



နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးတွင် အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီက ဗုံးတစ်လုံး တွေ့ရှိသည်ဟု သတင်းများထွက် ပေါ်ခဲ့သော်လည်း ပလတ်စတစ်အဖြူရောင်ဖြင့် ထည့်ထားသော ရေနွေးမတ်ခွက်ပုံပါ အလုံပိတ်ကတ်ထူပုံးတစ်လုံးကိုသာ မသင်္ကာဖွယ်တွေ့ရှိခြင်းဖြစ်ကြောင်း ပျဉ်းမနားရဲစခန်းမှ သတင်းရရှိသည်။
အဆိုပါဈေးရှိ ထန်းလျက်အရောင်းဆိုင်ရှေ့ တိုင်ခြေအနီးတွင် တွေ့ရှိခြင်းဖြစ်ပြီး သဲများနှင့် ကတ်ထူစက္ကူအပိုင်းအစများ ထည့်ထားသည်ကိုသာ တွေ့ရှိရပြီး ထူးခြားမှုမရှိကြောင်း  တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော် မြို့မဈေးတွင် ပုံမှန်အခြေအနေရှိနေပြီး အပ်ချုပ်တန်းတွင် ဗုံးတစ်လုံး တွေ့ရှိသည်ဆိုခြင်းမှာ မဟုတ်ကြောင်း နေပြည်တော်ဈေးများဌာနမှ ဦးမင်းလွင်စိုးက ပြောသည်။
““သွားစစ်ပြီးပါပြီ။  ဘာမှ မရှိပါဘူး”” ဟု  အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါဈေးမှ အထည်ဆိုင်၊ ဆန်ဆိုင်နှင့် ဂျာနယ်လက်ပွေ့ အရောင်းသူများထံသို့ ဆက်သွယ်စုံစမ်းရာတွင်လည်း ထိုကဲ့သို့ မကြားမိကြောင်း ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက်ကလည်း ပျဉ်းမနားဘူတာ ကုန်သေတ္တာရထားတွဲစောင့် ၀န်ထမ်းလိုင်းခန်းအနီး မသင်္ကာဖွယ်ရာ ဘီးတပ်ခရီးဆောင်အိတ်တစ်လုံးအား တွေ့ရသဖြင့် တာဝန်ရှိသူများနှင့်အတူ ဗုံးကျွမ်းကျင်သူများက သွားရောက်ဖွင့်ဖောက်စစ်ဆေးရာ  ယင်းအိတ်အတွင်း ပေါက်ကွဲစေတတ်သော အရာဝတ္ထုတစ်ခုမှ မတွေ့ရဘဲ ဗီစီဒီအချို့ကိုသာ တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

                                                                                          7Day Daily


0 Comment Box:

Post a Comment


 

Comment Box

Followers