Friday, October 18, 2013

ချစ်သူမွေးနဲ့အတွက် ကိတ်မုန့်ကားကြီးပေးခဲ့တဲ့ နန်းဆုရတီစိုး


 
စက်တင်ဘာလ ၁၈ ရက် မွေးနေ့မှာ “ရှေ့ဆက်သွားမှာပဲ” ဆိုတဲ့ ဒုတိယ စီးရီးထွက်ခဲ့တဲ့ နန်းဆုရတီစိုးက ရန်ကုန်၊ မန္တလေး၊ မုံရွာပရိုမိုးရှင်းပွဲတွေမှာလည်း ရောင်းအားကောင်းခဲ့တယ်လို့ သတင်းတွေကြားရပါတယ်။ နန်းဆုရဲ့ မွေးနေ့မှာ ချစ်သူက “ ရှေ့ဆက်သွားမှာပဲ” စီးရီးကာဗာမှ နန်းဆု မတ်တပ်ရပ်နေတဲ့ ဓါတ်ပုံအတိုင်း မွေးနေ့ကိတ်လုံးနဲ့ ဧရာမ ပန်းစည်းကြီး လက်ဆောင်ပေးသလို နန်းဆုကလည်း ချစ်သူ မွေးနေ့မှာ BMW ကားတစ်စီး လက်ဆောင်ပေးကြောင်း စသဖြင့် သတင်းတွေကြားရပါတယ်။ နန်းဆုရတီစိုးက “ စက်တင်ဘာ ၁၈ ရက် နန်းဆု မွေးနေ့မှာ စီးရီးလည်း ထွက်တာ ဆိုတော့ မနက်ပိုင်းမှာပဲ ဆွမ်းကပ်ဖြစ်တယ်။ မှော်ဘီ၊ အောင်ဇမ္ဗူတောရကျောင်းတိုက်က ဆရာတော်ကို အာရုဏ်ဆွမ်းနဲ့ ၀တ္ထုငွေကပ်တယ်။ ရန်ကုန်ကအပ်ကော်ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်ပါတယ်။ နန်းဆုရဲ့ မွေးနေ့မှာ ချစ်သူက နန်းဆုပုံ မွေးနေ့ကိတ်နဲ့နှင်းဆီပန်းစည်းကြီး တစ်စည်းကြီးတစ်စည်းပေးပါတယ်။ သူ့ရဲ့မွေးနေ့မှာ နန်းဆုက ကားလက်ဆောင်ပေးတာ မဟုတ်ပါဘူး။ သူစီးတဲ့ ကားပုံစံမျိုး မွေးနေ့ကိတ်ပေးတာပါ။ ကားရဲ့ရှေ့မှာ နဂါးပုံစံလေးလည်းပါတယ်” လို့ ပြောပြသွားခဲ့ပါတယ်။

                                                                              Friday(Malay)
                                                                             Myanmar Daily News




0 Comment Box:

Post a Comment


 

Comment Box

Followers