Monday, October 14, 2013

ကိုနိုင်ဇော်နှင့် တွေ့ဆုံတုန်း တစ်ခဏ

 
Miss ပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး Lazy Club မှ ကိုနိုင်ဇော်ရဲ့ အမြင်တချို့ကို တူးဆွ ကြည့်မိရာ...

““ Miss ပြိုင်ပွဲတွေကတော့ ရှိသင့်ပါတယ်။ မိန်းကလေးတွေအနေနဲ့လည်း ဒါကသူတို့ရဲ့ မျှော်လင့်ချက်တစ်ခုပေါ့နော်။ ခန္ဓာကိုယ်လှပမှုကို တစ်ကမ္ဘာလုံး သိစေချင်တာကတော့ မိန်းကလေးတွေတင် မဟုတ်ပါဘူး။ ကိုယ်တို့ဆိုလည်း ကိုယ့်ရဲ့ အနုပညာကို တစ်နိုင်ငံလုံး သိစေချင်တာပေါ့နော်။ ဒါကတော့ သဘာဝကျတယ်။

ဒါပေမဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ရေကူးဝတ်စုံ ၀တ်တဲ့ ကိစ္စပေါ့။ စာနယ်ဇင်းပွဲဆိုတာ စာနယ ဇင်းဆရာ၊ ဆရာမတွေကို ဂါရ၀ပြုတဲ့ပွဲ။ အဲဒီလိုနေရာမျိုးကို စကတ်တိုတိုနဲ့တောင် မလာ သင့်ဘူး။ ဒါက မြန်မာ့ယဉ်ကျေးမှုလေ။ ရေကူး ၀တ်စုံနဲ့ ထွက်ပြတဲ့အခါကျတော့ ကိုယ့်မျက်လုံးထဲမှာ မြန်မာပြည်နဲ့ တော်တော်ကြီး ဝေးပြီး အရမ်းရိုင်းနေတယ်လို့ ထင်ပါတယ်။ ရေကူးဝတ်စုံ ၀တ်တယ်ဆိုတာက ရေကူးကန်တွေ၊ ပင်လယ်ကမ်းခြေတွေမှာပဲ ၀တ်တာ။ ဒါတောင် အမေရိကားမှာဆို ထုံးစံရှိတယ်။ ယောက်ျားလေးတွေက အားကစားဘောင်းဘီနဲ့ပဲ သွားရတာ။ အဲလိုဝတ်လို့ မရဘူး။ ဒီလိုပဲ ဘယ်နိုင်ငံသွားသွား သူ့စည်းကမ်းနဲ့သူ ရှိတယ်။

 ဒါပေမဲ့ အခုလိုမျိုး မယ်ရွေးပွဲဆိုပြီး စာနယ်ဇင်းပွဲလုပ်တဲ့အချိန်မှာ ပရိသတ်ရှေ့မှာ ဒီလိုကြီးဝတ်ပြတဲ့အခါ အမှန်အတိုင်းပြောမယ်ကွာ။ ကိုယ်လည်း ကလောင်ရှင်တစ်ယောက်ပါ။ စာနယ်ဇင်းမှာ စာရေးဆရာလည်း တစ်ပိုင်းဆိုတော့ ဒါ မသင့်တော်ဘူးဆိုပြီး ကိုယ်က ရေးပြလိုက်တာ။ ဒါဟာ ယဉ်ကျေးပါတယ်လို့ ပြောရင် အစ်ကို သူ့အိမ်သွားလည်ရင် သူက အဲလိုပုံစံနဲ့ထွက် ဧည့်ခံမှာလား။ မဖြစ်နိုင်တာကြီးကို သူလည်း သိတယ်။ အစ်ကိုတို့လည်း သိတယ်။ ဧည့်ခံပွဲကို မြန်မာပြည်မှာတောင် မယ်ပြိုင်ပွဲကို ဘောင်းဘီတိုပဲ လက်ခံသေးတာ။ ရေကူးဝတ်စုံနဲ့ လက်ခံသေးတာ မဟုတ်ဘူးဆိုတော့ အဲဒါမျိုးကြီးကို အရမ်းကြီး မကြီးထွားစေချင်ဘူး။ မြန်မာ့ ယဉ်ကျေးမှုနဲ့လည်း လိုက်ဖက်ရမယ်။

 ဖြစ်သင့် ဖြစ်ထိုက်တဲ့ ခေတ်ကိုလည်း ကိုယ်ကဖြစ်စေချင်တယ်။ မယ်ပြိုင်ပွဲဝင်တဲ့သူတိုင်း စာနယ်ဇင်းပွဲမှာ အကုန်လုံး ရေကူးဝတ်စုံနဲ့ တက်လာကြမယ်ဆိုရင် သဘာဝမကျဘူးလေ။ မ၀တ်နဲ့ လို့ပြောတာ မဟုတ်ဘူး။ ၀တ်သင့်ဝတ်ထိုက်လို့ ၀တ်တာကို မြန်မာလူမျိုးတွေက နားလည်တယ်။ လိုအပ်လို့ နိုင်ငံခြားမှာ ၀တ်တာကို မကဲ့ရဲ့ဘူး။ ဥပမာ- နန်းခင်ဇေယျာတို့ ရှိတယ်။ သူတို့နိုင်ငံခြားမှာ ၀တ်ပြီး ပြိုင်လာတယ်။ သူ တို့ကို ရိုင်းပါတယ်လို့ ဘယ်သူမှ မပြောကြဘူး။ မြန်မာလူမျိုးတွေက ခေတ်မီလာပြီ။ အခုက မြို့လည်ခေါင်မှာ ဒီလိုမျိုးဝတ်တာတော့ ရိုင်းတယ်လို့ မြင်တယ်။ စာနယ်ဇင်းပွဲမှာလည်း အဆိုတော်တွေကို ဒါမျိုးမလုပ်ကြပါနဲ့လို့ သတိပေးချင်တဲ့ သဘောလေးပါပဲ။””

သီဟသော်

***************************
                                                                                       Thanks a lot,
                                                                                        M Plaza



0 Comment Box:

Post a Comment


 

Comment Box

Followers