Wednesday, October 2, 2013

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်ရန် ဘာသာရေး၊ နိုင်ငံရေးနှင့် လူမှုရေးခေါင်းဆောင် များမပြတ် တွေ့ဆုံစည်းဝေး တိုင်ပင်သင့်ကြောင်း သီတဂူဆရာတော် မိန့်ကြား

 
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် နိုင်ရေးအတွက် ဘာသာရေး ခေါင်း ဆောင်များသာမက နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်များ မကြာခဏ တွေ့ဆုံ ကာ မပြတ်စည်းေ ဝးတိုင်ပင်ခြင်းများ ပြု လုပ်သင့်ကြောင်း သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက မိန့် သည်။

”မြတ်ဗုဒ္ဓရဲ့ ညွှန်ကြားချက်များမှာ လည်း စည်းဝေးခြင်းဟာ ငြင်းဖို့၊ ခုံဖို့၊ တစ်ယောက်အပြစ်ကို တစ်ယောက်ရှာ ဖို့၊ တစ်ယောက်အမှားကို တစ်ယောက် ဖော်ထုတ် ပုတ်ခတ်ဖို့လုပ်ကြတာ မဟုတ် ပါဘူး။ ဖြစ်ပေါ် လာတဲ့ အခက်အခဲနဲ့ ပြဿနာတို့ရဲ့ အကြောင်းအရင်းကို ရှာဖွေပြီးအဖြေ မှန်ဖော်ထုတ်ကြဖို့ပဲ ဖြစ် ပါတယ်”ဟု သီတဂူ ဆရာတော်က မိန့် ကြားသည်။

ထို့အပြင် မည်သည့် ဘာသာဝင် မဆို မိမိတို့ ကိုးကွယ်သည့် ဘာသာ တရား အဓိပ္ပာယ်၊ အနှစ်သာရကို မှန် ကန်စွာ နားလည်ရန် လေ့လာသင်ကြား ရန်တိုက်တွန်း လိုကြောင်း သီတဂူ ဆရာ တော် ဒေါက်တာအရှင်ဥာ ဏိဿရက မိန့်သည်။

သီတဂူဆရာတော်က အထက်ပါ အချက်ကို လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူယှဉ်တွဲနေထိုင် ရေး ခေါင်းစဉ်ဖြင့် ဖတ်ကြားသည့် စာ တမ်းအတွင်း ထည့် သွင်းမိန့်ကြားခဲ့ခြင်း ဖြစ်သည်။

”ဘာသာတရားတစ်ခုခုကို ယုံ ကြည်ကိုးကွယ်ကြတဲ့ လူအများစုဟာ သူတို့ ကိုးကွယ်ကြတဲ့၊ သူတို့ဘာသာ တရားရဲ့ တကယ်ဆိုလိုသော အဓိပ္ပာယ် အနှစ်သာရကို သိကြသူ ရှားနေပါတယ်။ တည့်တည့်ပြောရရင် ဗုဒ္ဓကို ကိုးကွယ်သူ အချို့ဟာ ဗုဒ္ဓအကြောင်း၊ ဗုဒ္ဓ၏ ဆိုလို ရင်းတို့ကို အမှန်အတိုင်း မသိကြဘူး။ ထိုနည်းတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာတွေမှာလည်း ထိုနည်းလည်း ကောင်းပါပဲ”ဟု ဆရာတော်ကြီးက မိန့် သည်။

သီတဂူဆရာတော်ကြီးအနေနှင့် အထက်ပါ စာတမ်းကို အောက်တိုဘာ ၁ ရက်နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပြုလုပ်သည့် ကမ္ဘာ့ဘာ သာပေါင်းစုံ တွေ့ ဆုံနှီးနှောဖလှယ်ပွဲတွင် ဖတ်ကြား ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင် ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်နိုင်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ တင်ပြခဲ့သည်။

ဘာသာတရားတို့၏ အဆုံးအမ များအပေါ် လိုက်နာကျင့်သုံးမှု မရှိခြင်း သည် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင် အပေါ် ထိခိုက်လာစေနိုင်သည့် အ ကြောင်းအရင်း တစ်ခုဖြစ်သည်ဟု ဆရာ တော်က စာတမ်းအ တွင်း ထောက်ပြ ထားသည်။

ယင်းအတွက် ဘာသာရေးခေါင်း ဆောင်များက ဟန်ချက်ညီထိန်းသိမ်းကြ ရမည်ဖြစ်ပြီး ထိုကဲ့သို့ ဆောင်ရွက်ရာ တွင်လည်း အဓိကအနေနှင့် Modern Education နှင့် Moral Education နှစ်ခုကို ဟန်ချက်ညီအောင် လုပ်ဆောင် သင့်ကြောင်း တိုက်တွန်းခဲ့သည်။

                                                                                   Popular Myanmar News Journal


0 Comment Box:

Post a Comment


 

Comment Box

Followers