Saturday, October 5, 2013

ယာဉ်စည်းကမ်းဖောက်ဖျက်မှုအား စီမံချက်ဖြင့် ဖမ်းဆီး စနစ်ဖျက်သိမ်း


 
 ရန်ကုန် ၊ အောက်တိုဘာ ၄။ ။ ရန် ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း ယာဉ်စည်း ကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့်ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ ၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော်မတီမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားလိုက်သည်။

ယခင်က ယာဉ်စည်းကမ်း ကြီးကြပ်ထိန်းသိမ်းရေး ဥပဒေပါ ဒဏ်ကြေးငွေများမှာ အလွန်နည်း ပါး နေခြင်း ကြောင့် ယာဉ်အသုံးပြု သူများအနေဖြင့် လိုက်နာမှုရှိစေ ရန်ရည်ရွယ်၍ ဒဏ်ငွေများ စီမံ ချက်အနေဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် မော်တော် ယာဉ်ဥပဒေအတိုင်းအရေးယူ သွားမည်ဖြစ်ကြောင်း

အောက်တို ဘာ ၄ရက်က ၅၁လမ်း ယာဉ်စည်း ကမ်းထိန်းသိမ်းရေးရဲချုပ်ရုံး၌ပြု လုပ်သည့် မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေများဖြင့် လက်ရှိအရေး ယူဆောင်ရွက်မည့်အခြေအနေ များအား ရှင်းလင်းသည့်သတင်း စာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဒုတိယရဲမှူးကြီးလင်းထွဋ်က ''ယာဉ်စည်းကမ်းဖောက် ဖျက်သူတွေကို မော်တော်ယာဉ် ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း အရေးယူလို့ရပေမယ့် ကြီးတဲ့အမှု ကိုငယ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံချက်တိုးမြှင့်ဒဏ်ငွေနဲ့ပဲ အ ရေးယူဆောင် ရွက်ခဲ့ တာပါ။

အခု ဥပဒေပါသတ်မှတ်ဒဏ်ငွေနဲ့ ပြစ် မှုကြီးရင်ကြီးသလို ထောင်ဒဏ်နဲ့ပါ အရေးယူသွားမှာပါ''ဟုပြောသည်

လက်ရှိ ယာဉ်စည်းကမ်းချိုး ဖောက်သူများကို ၁၉၆၄မော်တော် ယာဉ် ဥပဒေပုဒ်မ ၂၁ပါပြဋ္ဌာန်း ချက်များဖြင့် ငွေဒဏ် နှင့် ထောင် ဒဏ် ချမှတ်အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။


                                                                                       Yangon Media Group


0 Comment Box:

Post a Comment


 

Comment Box

Followers