Monday, October 14, 2013

သံတွဲ ပဋိ့ပက္ခကြောင့် ထိန်းသိမ်းခံရသူ ၈၀ ရှိပြီ

 Myanmar violence
 သံတွဲမြို့နယ်ပဋိပက္ခကြောင့် မီးလောင်ပျက်ဆီးသွားတဲ့ နေရာတွေ (Credit: Reuters) 

ရခိုင်ပြည်နယ် ​သံတွဲမြို့မှာ ​ဖြစ်ပွားခဲ့တဲ့ ​အကြမ်းဖက်မှုတွေကြောင့် ​သက်ဆိုင်ရာက ​ဖမ်းဆီး ​ထိန်းသိမ်းထားသူ ​အယောက် ​၈၀ ​ရှိသွားပြီလို့ ​သိရပါတယ်။

စက်တင်ဘာလ ​၂၉ ​ရက်နေ့ကနေ ​အောက်တိုဘာလ ​၁ ​ရက်နေ့ထိ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအမှာ ​သက်ဆိုင်ရာက ​ဖမ်းဆီးထိန်းသိမ်းထားသူ ​အယောက် ​၈၀ ​ရှိနေပြီဖြစ်တဲ့အကြောင်း ​အခုနောက်ပိုင်း ​ထိန်းသိမ်းခံရသူတွေဟာ ​ပြန်လည်ခုခံမှုကြောင့် ​ဖမ်းဆီး ​ထိန်းသိမ်း ​ခံရသူတွေဖြစ်တယ်လို့ ​သံတွဲ ​ဒေသခံ ​ဦးကျော်ကျော်က ​အခုလိုပြောပါတယ်။

“သံတွဲ ​လက်ရှိအနေအထားက ​ဒီနေ့ ​မနက်က ​ ၂ယောက် ​ထပ်ဖမ်းတယ်။ ​သူတို့ ​စုစုပေါင်း ​အားလုံး ​၈၀ ​ဖြစ်သွားပြီ။ ​နှစ်ဘက်ကို။ ​ပဋိပက္ခထဲမှာ ​ပါဝင်ပက်သက်တယ်ဆိုတာတော့ ​ဒါက ​ရဲဘက်က ​ထွက်ဆိုထားတာလေ။ ​ရဲဘက်က ​ထွက်ဆိုထားတာ ​ဘာလဲဆိုရင် ​ပြန်လည်ခုခံတဲ့သူတွေပေါ့ ​အဲဒီလူတွေက ​ပြန်လည်ခုခံတဲ့ထဲမှာ ​တကယ်ပါဝင်တဲ့ ​သူရှိသလို ​မပါဝင်တဲ့ ​သူလည်း ​ရှိတယ်။ ​သူတို့က ​ပြစ်မှု ​စစ်ဆေးနေတုန်းဆိုတော့ ​ဘယ်သူ့မှာ ​အပြစ်ရှိတယ်။ ​ဘယ်သူ့မှာ ​အပြစ်မရှိဘူးဆိုတာ ​မသိရတဲ့ ​အနေအထားပေါ့။”

ဖမ်းဆီးထိန်းသိမ်း ​ထားသူတွေထဲမှာ ​ရခိုင်လူမျိုး ​ဗုဒ္ဓဘာသာဝင် ​၅၇ ​ဦးရှိပြီး ​အစ္စလမ်ဘာသာဝင် ​၂၃ ​ဦး ​ရှိတယ်လို့ ​ဆိုပါတယ်။ ​ထိန်းသိမ်းခံရတဲ့ ​အယောက် ​၈၀ ​ထဲက ​၁၇ ​ဦးကို ​ကျောက်ဖြူ ​အကျဉ်းထောင်ကို ​ပြောင်းရွှေ့စစ်ဆေးနေပြီး ​အဲဒီအထဲမှာ ​ရခိုင်တိုင်းရင်းသား ​တိုးတက်ရေး ​ပါတီ ​သံတွဲမြို့နယ် ​ဥက္ကဌ ​ဦးမောင်ပု ​အပါအဝင် ​အမျိုးဘာသာ ​သာသနာ ​စောင့်ရှောက်ရေး ​အဖွဲ့က ​အတွင်းရေးမှူးလည်း ​ပါဝင်သွားတယ်လို့ ​ဦးကျော်ကျော်က ​ဆက်ပြောပါတယ်။

“ကြားသိရတာတော့ ​၁၇ ​ဦးပါ။ ​ဘယ်လို ​အဖွဲ့အစည်းပါလဲဆိုရင် ​ရခိုင်တိုင်းရင်းသားများ ​တိုးတက်ရေးပါတီ ​ဥက္ကဌ ​ဦးမောင်ပု ​ပါပါတယ်။ ​နောက်ပြီးတော့ ​ကျွန်တော်တို့ ​အမျိုးဘာသာ ​သာသနာ ​ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ​အတွင်းရေးမှူး ​ဦးထွန်းသန်းကျော် ​ပါပါတယ်။ ​တစ်ချို့ ​ဆွမ်းလောင်းအသင်းထဲကပေါ့နော် ​ခေါင်းဆောင်ပိုင်းတွေပါပါတယ်။”

သက်ဆိုင်ရာဘက်ကတော့ ​မီးရှို့အကြမ်းဖက်မှု ​ပုဒ်မတွေ၊ ​လူသတ်မှု ​ပုဒ်မတွေနဲ့ ​အခြား ​ပုဒ်မတွေအလိုက် ​အရေးယူဆောင်ရွက်ထားတာ ​ဖြစ်တဲ့အကြောင်း ​သံတွဲခရိုင်ရဲတပ်ဖွဲ့မှူး ​ဒုရဲမှူးကြီး ​ကျော်တင့်က ​ပြောပါတယ်။

သံတွဲ ​အကြမ်းဖက်မှုကြောင့် ​လူ ​၅ ​ဦးသေဆုံးပြီး ​အိမ်ခြေ ​၁၀၀ ​ကျော်နဲ့ ​ဗလီနှစ်လုံး ​မီးလောင်ဆုံးရှုံး ​ခဲ့တယ်လို့ ​ဒေသအာဏာပိုင်တွေက ​ပြောတယ်ဆိုတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

                                                                     ABC Radio Australia




0 Comment Box:

Post a Comment


 

Comment Box

Followers